သမ္မတ ဦးထင်ကျော် ဂုဏ်သိက္ခာ ကျအောင် လူမှုကွန်ရက် မှာ ရေးသားသူ ထောင်ဒဏ် ၉ လ ချမှတ်ခံရ

ဦးအောင်ဝင်းလှိုင်(ခေါ်) အညာသားရဲ့ သမ္မတ ဦးထင်ကျော် ဂုဏ်သိက္ခာညှိုးနွမ်းစေမှုအပေါ် ဖေ့ဘွတ်စ်မှာ ရေးသားမှုကို တွေ့ရစဉ်။ Photo: Mi Shwe Moe(facebook)
နိုင်ငံတော်သမ္မတ ဦးထင်ကျော်ကို ဂုဏ်သိက္ခာညှိုးနွမ်းစေတဲ့ စာသားတွေကို ဖေ့ဘွတ်စ်မှာ ရေးသားခဲ့တဲ့ ကရင်ပြည်နယ် မြဝတီမြို့ခံ ဦးအောင်ဝင်းလှိုင်(ခေါ်) အညာသားဆိုသူကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃ နဲ့ မြဝတီမြို့နယ် တရားရုံးက မနေ့က အလုပ်နဲ့ထောင်ဒဏ် ၉ လ ချမှတ်လိုက်ပါတယ်။

တရားလိုဖြစ်တဲ့ မြဝတီမြို့နယ် NLD ပါတီ အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်ခင်မိုးသူက မြဝတီမြို့နယ် ဖံွ့ဖြိုးရေးအထောက်အကူပြု ကော်မတီကို ဖျက်သိမ်းလိုက်တာနဲ့ပတ်သက်ပြီး သမ္မတ ဦးထင်ကျော် ဂုဏ်သိက္ခာကျအောင် ရေးသားခဲ့တဲ့အတွက် တရားစွဲဆိုခဲ့တာလို့ ပြောပါတယ်။

"သူတင်ထားတာက သမ္မတကြီးက ဒီမြို့နယ်ဖွံ့ဖြိုးရေး အထောက်အကူပြုကော်မတီပေါ့နော် အဲဒါကိုဖွဲ့တဲ့အခါကျတော့  ဦးအညာသားက သူက ဥက္ကဌဖြစ်သွားတာပေါ့၊ အဲဒီမှာ သူက ခန့်စာကမကျသေးဘူး၊ သမ္မတ ဦးထင်ကျော်အမိန့်နဲ့ အဲဒီအဖွဲ့ကြီးကို ဖျက်သိမ်းပါတယ်ဆိုပြီး ထွက်လာတာပေါ့၊ သူပေါက်ကွဲသွားတာပေါ့၊ အဲမှာ သမ္မတကြီးကို ဂုဏ်သိက္ခာကျအောင် ရေး သားခဲ့တာကြောင့် တရားစွဲလိုက်တာ"

ဒေါ်ခင်မိုးသူက ဦးအောင်ဝင်းလှိုင်ကို ပြီးခဲ့တဲ့ ဇွန်လက တရားစွဲဆိုခဲ့တာဖြစ်ပြီး ဦးအောင်ဝင်းလှိုင်က တရားရုံးမှာ ဝန်ခံတဲ့အတွက် ၄ ကြိမ်မြောက် ရုံးချိန်းမှာ အမိန့်ချလိုက်ပြီး တောင်လေးလုံး အကျဉ်းထောင်ကို ဒီနေ့ ပို့ဆောင်လိုက်ပါတယ်။

ဦးအောင်ဝင်းလှိုင်(ခေါ်) အညာသားဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီကို ကိုယ်စားပြုပြီး ဗမာတိုင်းရင်းသားရေးရာဝန်ကြီးနေရာကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် ရှုံးနိမ့်ခဲ့သူဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
သမ္မတ ဦးထင်ကျော် ဂုဏ်သိက္ခာ ကျအောင် လူမှုကွန်ရက် မှာ ရေးသားသူ ထောင်ဒဏ် ၉ လ ချမှတ်ခံရ  သမ္မတ ဦးထင်ကျော် ဂုဏ်သိက္ခာ ကျအောင် လူမှုကွန်ရက် မှာ ရေးသားသူ ထောင်ဒဏ် ၉ လ ချမှတ်ခံရ Reviewed by THITHTOOLWIN on 18:27 Rating: 5
Powered by Blogger.