လူဦးရေ ၃ ပုံ ၁ ပုံ ဇီကာအန္တာရာယ် ကြုံနိုင်


ဇီကာရောဂါနဲ့ ​ဆက်စပ်တဲ့ ​လေ့လာမှု ​တစ်ခုအရ ​ကမ္ဘာ့လူဦးရေ ​၃ ​ပုံ ​တစ်ပုံဟာ ​ဇီကာရောဂါရဲ့ ​အန္တာရာယ်ကို ​ကြုံရနိုင်တယ်လို့ ​ဆိုပါတယ်။

ဒါဟာ ​လူအယောက်ပေါင်း ​၂.၅ ​ဘီလီယံက ​ဇီကာရဲ့ ​ရန်ကို ​ကြုံရနိုင်တဲ့ ​သဘောဖြစ်ပြီး ​အဲဒီလူတွေ ​နေထိုင်ရာ ​အရပ်ဒေသကြောင့် ​ဖြစ်ရတာလို့ ​ဆိုပါတယ်။

ဇီကာရောဂါနဲ့ ​ပတ်သက်ပြီး ​ကမ္ဘာ့အရေးပေါ် ​ကျန်းမာရေးအခြေအနေအဖြစ် ​သတ်မှတ်ထားတာကြောင့် ​ပညာရှင်တွေက ​သုတေသနတွေ ​လုပ်နေကြသလို ​ရောဂါ ​ပြန့်ပွားလာရင် ​ဘယ်လို ​ကိုင်တွယ်ဖြေရှင်းမလဲ၊ ​ရောဂါ ​မဖြစ်အောင် ​ဘယ်လို ​ကာကွယ်ရမလဲ ​ဆိုတာတွေကို ​တောက်လျှောက် ​ဆွေးနွေးလုပ်ကိုင်ကြတာ ​ဖြစ်ပါတယ်။

လေ့လာချက်အရ ​ဇီကာဖြစ်တဲ့ ​ဒေသကို ​သွားရောက်တဲ့ ​လူအရေအတွက်၊ ​ခြင်တွေရှိတဲ့ ​နိုင်ငံ ​အရေအတွက်နဲ့ ​လက်ရှိ ​ကျန်းမာရေး ​အရင်းအမြစ်တွေကို ​တွက်ချက်တဲ့အခါမှာ ​ကမ္ဘာ့လူဦးရေ ​သုံး ​ပုံ ​တစ်ပုံ ​က ​ဇီကာရောဂါရဲ့ ​အန္တာရာယ်ကို ​ကြုံရနိုင်တယ်လို့ ​တွက်ချက်ကြတာ ​ဖြစ်ပါတယ်။

ဇီကာရောဂါအတွက် ​စိုးရိမ်ရတဲ့ ​နိုင်ငံတွေထဲမှာ ​ခြင်တွေပေါတဲ့ ​နိုင်ငံတွေ ​ပါဝင်ပြီး ​လူဦးရေလည်း ​များပြားတဲ့ ​အိန္ဒိယ၊ ​ပါကစ္စတန်နဲ့ ​နိုင်ဂျီးရီးယားလို ​နိုင်ငံတွေလည်း ​ပါဝင်ပါတယ်။

အခုလောလောဆယ် ​စင်္ကာပူနိုင်ငံမှာ ​လူပေါင်း ​၁၅၀ ​လောက် ​ရောဂါ ​ကူးစက်ခံနေရပြီး ​ကူးစက်ခံရသူတွေထဲမှာ ​မြန်မာနိုင်ငံသား ​တစ်ဦး၊ ​အင်ဒိုနီးရှား၊ ​ထိုင်ဝမ်၊ ​တရုတ်၊ ​အိန္ဒိယ၊ ​ဘင်္ဂလားဒေ့ရှ်နဲ့ ​မလေးရှားနိုင်ငံသားတွေ ​ပါဝင်ပါတယ်။

ဇီကာရောဂါ ​ပြန့်နှံ့မှုကို ​ထိန်းသိမ်းနိုင်တယ်လို့ ​စင်္ကာပူက ​ပြောဆိုနေပေမယ့် ​သြစတြေးလျ၊ ​ဗြိတိန်၊ ​အမေရိကန်နဲ့ ​ထိုင်ဝမ်နိုင်ငံတို့ကတော့ ​ကိုယ်ဝန်သည်တွေ ​ဖြစ်နိုင်ရင် ​စင်္ကာပူ ​နိုင်ငံကို ​မသွားကြဖို့ ​တိုက်တွန်းထားပါတယ်။

မြန်မာသံရုံးကလည်း ​ကိုယ်ဝန်ရှိတဲ့ ​မြန်မာနိုင်ငံသူတွေ ​စင်္ကာပူကို ​မလာဖို့ ​တိုက်တွန်းထားပါတယ်။

အခုလောလောဆယ် ​စင်္ကာပူနိုင်ငံကနေ ​ပြန်ရောက်လာတဲ့ ​မလေးရှား ​အမျိုးသမီးတစ်ယောက်မှာလည်း ​ဇီဂာရောဂါ ​ရှိနေတယ်လို့ ​မလေးရှား ​အစိုးရက ​ပြောကြောင်း ​AFP ​သတင်းမှာ ​ရေးသားထား ​ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
လူဦးရေ ၃ ပုံ ၁ ပုံ ဇီကာအန္တာရာယ် ကြုံနိုင်  လူဦးရေ ၃ ပုံ ၁ ပုံ ဇီကာအန္တာရာယ် ကြုံနိုင် Reviewed by THITHTOOLWIN on 18:10 Rating: 5
Powered by Blogger.