ရေး-မော်လမြိုင်ကားလမ်းတွင် ကားစီးရေ ၂၀ ကျော်ခန့် ပိတ်မိနေ


ရေး၊ စက်တင်ဘာ ၆

ရေး-မော်လမြိုင် ကားလမ်းပေါ်ရှိ ရေးမြို့နယ်ဘက်ခြမ်း အာယုတောင်ကျေးရွာအနီးတွင် ဟွန်းဒိုင်းကားတစ်စီး မြောင်းထဲသို့ကျကာ တိမ်းစောင်းမှုဖြစ်ပွားသဖြင့် ယနေ့နံနက် ၆ နာရီမှစတင်ကာ ကားစီးရေ ၂၀ ကျော်ခန့် ပိတ်မိကာ စောင့်ဆိုင်းနေရကြောင်း သိရသည်။

လမ်းပိတ်ဆို့မှုများအတွက် မြို့နယ်အုပ်ချုပ်ရေးမှူးအပါအဝင်တာဝန်ရှိသူများ လမ်းအမြန်ဆုံးပွင့်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

သတင်းနှင့် ဓါတ်ပုံ - ရဲနိုင်ဦး
Than Lwin Times
https://www.facebook.com/thanlwintimes9/
ရေး-မော်လမြိုင်ကားလမ်းတွင် ကားစီးရေ ၂၀ ကျော်ခန့် ပိတ်မိနေ  ရေး-မော်လမြိုင်ကားလမ်းတွင် ကားစီးရေ ၂၀ ကျော်ခန့် ပိတ်မိနေ Reviewed by THITHTOOLWIN on 09:31 Rating: 5
Powered by Blogger.