ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ ချောင်းကလေးကျေးရွာအုပ်စု၊ ဘုရားငူကျေးရွာတွင် ၂၇.၉.၂၀၁၆ - စက်တင်ဘာလ (၂၇)ရက်နေ့ ညနေခင်းက မိသားစုလိုက် ငါးပူတင်း ချက်စားရာမှ အဆိပ်သင့်ကာ ရွာဆေးခန်းသို့ အမြန်ပို့ဆောင်ခဲ့ပါသည်။
မအိထက်ဆို သူ အသက်(၈)နှစ်အရွယ်မှာ ရွာတွင် သေဆုံးခဲ့ပြီး အမေဖြစ်သူ အဖေ ဖြစ်သူနှင့် ညီအစ်ကို မောင်နှမ ဖြစ်သူများမှာ အရေးပေါ်ကယ်ဆယ်ရေးကားဖြင့် ပန်းတနော်မြို့နယ် ပြည်သူ့ဆေးရုံသို့ အရေးပေါ် အထူးလူနာဖြင့် ဆေးကုသခံယူနေပါသည်။
အမေဖြစ်သူ မမို့မို့လွင်မှာလည်း ကိုယ်ဝန်ကြီးနှင့် အရေးကြီးနေပါသည်။ လူနာများ အသက်အန္တရာယ်အတွက် ဆရာဝန်များမှာ အထူးအနီးကပ်လူနာဖြင့် စောင့်ကြည့်မူ ခံယူနေကြပါသည်။
ထိုသို့သော ဗဟုသုတ နည်းပါးသည့် ပြည်သူများအနေနှင့် အသက်အန္တရာယ်ကို ထိခိုက်စေနိုင်သော ငါးပူတင်းအား လုံးဝလုံးဝ မစားမိကြရန် ပညာပေး ရင်နှင့်ဖွယ်ဖြစ်ရပ်ဖြင့် တင်ပြလိုက်ပါသည်။
တိမ်မင်းသားလေး(ပန်းတနော်)
ပန်းတနော်မြို့နယ်မှာ မိသားစုလိုက် ငါးပူတင်း ချက်စားရာမှ အဆိပ်သင့်ကာ မိန်းကလေး တစ်ဦး သေဆုံး
Reviewed by THITHTOOLWIN
on
10:23
Rating:
