ကော့သောင်းမြို့တွင် ကျပ်တစ်သောင်းတန် မြန်မာငွေစက္ကူအတုများ ဖမ်းဆီးရမိ


ကော့သောင်း စက်တင်ဘာ ၂၇

ကော့သောင်းမြို့ ကမ္ဘာ့ရတနာဘဏ် တွင် လာရောက်ငွေလွှဲပို့သည့် ပြည်သူ တစ်ဦးထံမှ ယခုလ ၁၉ ရက်က ကျပ် တစ်သောင်းတန် မြန်မာငွေစက္ကူအတုများ ဖမ်းဆီးရမိသည့်ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အဆိုပါနေ့ မွန်းလွဲပိုင်းက ကော့သောင်းမြို့ ကမ္ဘာ့ရတနာဘဏ်တွင် ကော့သောင်းမြို့ ပိတောက်ရွှေဝါရပ်ကွက် နေ ထွန်းဝင်း(ခ)ဟာလစ်က လွှဲပို့သောငွေ ကျပ် ၃၆ သိန်းအနက် မြန်မာငွေကျပ် တစ်သောင်းတန် ၁၁ ရွက်မှာ အတု ဟုယူဆရသဖြင့် လာရောက်စစ်ဆေးပေး နိုင်ပါရန် အကြောင်းကြားချက်အရ ရဲအုပ် အောင်ဇော်မင်းထွန်း၊ မှုခင်းတပ်ဖွဲ့မှ ရဲအုပ် လှချိုတို့သည် သက်သေများနှင့်အတူ သွား ရောက်စစ်ဆေးခဲ့ရာ ငွေစက္ကူများမှာ သာမန်မိတ္တူကူးသည့် စက္ကူအမျိုးအစား ဖြစ်ပြီး စက္ကူသားမှာချောနေခြင်း၊ အရွယ် အစား(၁၅၂x၆၉)မီလီမီတာရှိပြီး အစစ် သည်(၁၅ဝx၇ဝ)မီလီမီတာရှိသဖြင့် အစစ် ထက် အလျား ၂ မီလီမီတာရှည်၍ အနံ ၁ မီလီမီတာ တိုပြီး ရေစာမပါခြင်း၊ လုံခြုံ ရေးကြိုးမှာ အရိပ်မည်းသဏ္ဌာန်သာပါရှိ ခြင်း၊ နံပါတ်စဉ်အက္ခရာဂဏန်းများတူညီ ပြီး အရောင်မှိန်နေခြင်း၊ ရောင်ပြန်မပါခြင်း တို့ကြောင့်အတုဟုယူဆရသဖြင့် ထွန်းဝင်း အား စစ်ဆေးမေးမြန်းခဲ့ရာ ၄င်းအနေဖြင့် ငွေတုများဟုထင်မြင်ယူဆမိသော်လည်း အသုံးပြုခဲ့မိကြောင်း ထွက်ဆိုခဲ့ပြီး ဆက် လက်စစ်ဆေးချက်များအရ ထွန်းဝင်းက ၄င်းငွေကြေးများအား အဏ္ဏဝါရပ်ကွက် လိုင်စင်ရပုဂ္ဂလိက အပေါင်ဆိုင်တစ်ဆိုင် တွင် လွန်ခဲ့သောတစ်လခန့်က နေအိမ် ပေါင်နှံရာမှ ရရှိသောငွေကြေးများဖြစ် ကြောင်း ထွက်ဆိုသဖြင့် ၄င်းအပေါင်ဆိုင် သို့သွားရောက်ရှာဖွေခြင်း၊ ဆိုင်ရှင်အား စစ်ဆေးခြင်း၊ အခြားသက်သေများအား စစ်ဆေးခြင်းဆောင်ရွက်ရာ ထူးခြားမှုမရှိ ကြောင်း သိရသည်။


ဆက်လက်၍ ထွန်းဝင်းအား အသေး စိတ်စစ်ဆေးခြင်းများ ထပ်မံဆောင်ရွက် ခဲ့ရာ ထွန်းဝင်းက ၄င်းငွေစက္ကူအတုများ အား အဏ္ဏဝါရပ်ကွက် ဇလပ်လမ်းအမှတ် (၆၅)နေ ဘီလား(ခ)မျိုးကိုကိုထံမှ ရရှိ ကြောင်း ထပ်မံထွက်ဆိုသဖြင့် ဘီလား၏ နေအိမ်အားသွားရောက်စစ်ဆေးရာ ဘီလား မှာ တိမ်းရှောင်နေခဲ့သဖြင့် ဘီလားမှ အခြားသူများသို့ ပေးအပ်ခဲ့သောငွေများ တွင် ငွေတုများပါဝင်ခြင်းရှိနိုင်၍ စစ်ဆေး အတည်ပြုရန်ဆောင်ရွက်လျက်ရှိစဉ် ပိ တောက်ရွှေဝါရပ်ကွက် ရွှေမင်းဝံ(၁)လမ်း နေ မောင်----မှ ၄င်းအား ဘီလားက ဆိုင်ကယ်ဖိုး ငွေကျပ်တစ်သိန်း ပေးအပ် ထားရှိသည့်အတွင်းမှ ငွေစက္ကူအတုဟု ယူဆရသည့် ကျပ်တစ်သောင်းတန် နှစ်ရွက်အား ရဲစခန်းသို့လာရောက်အပ်နှံ သဖြင့် ထပ်မံသိမ်းဆည်းရမိခြင်းဖြစ်သည်။

ဖြစ်စဉ်နှင့်စပ်လျဉ်း၍ ငွေစက္ကူအတု ဖြစ်ကြောင်းသိလျက်နှင့်သုံးစွဲသူ ထွန်းဝင်း (ခ)ဟာလစ်အား မြန်မာနိုင်ငံတော်ဗဟို ဘဏ် ဥပဒေပုဒ်မ ၁ဝ၅/၁ဝ၆ အရ အမှု ဖွင့်အရေးယူထားရှိပြီး ငွေစက္ကူအတုများ ပေးအပ်ခဲ့သူ ဘီလား(ခ)မျိုးကိုကိုအား ဖော် ထုတ်အရေးယူနိုင်ရေး ဆက်လက်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

The Union Daily
https://www.facebook.com/uniondaily.net/
ကော့သောင်းမြို့တွင် ကျပ်တစ်သောင်းတန် မြန်မာငွေစက္ကူအတုများ ဖမ်းဆီးရမိ  ကော့သောင်းမြို့တွင် ကျပ်တစ်သောင်းတန် မြန်မာငွေစက္ကူအတုများ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 20:52 Rating: 5
Powered by Blogger.