ဗဟန်းမြို့ နယ်မှာ ပါးစပ်ကို အ၀တ်ဆို့  လည်ပင်းညှစ်သတ်မှု ယနေ့ တရားစွဲတင်ပို့ ပြီ



ရန်ကုန် စက်တင်ဘာ ၂၉

ပါးစပ်ထဲအ၀တ်ဆို့ ပြီးလည်ပင်းညှစ်အသတ်ခံရတဲ့ဗဟန်းမြို့ နယ်နေအိမ်အတွင်း အမျိုးသမီး သတ်ခံရမှူနဲ့ ဖမ်းစီးထားသူကိုသက်ဆိုင်ရာရဲတပ်ဖွဲ့ ကစစ်ဆေးခဲ့ပြီး ယနေ့ခရိုင်တရားရုံးကိုတရားစွဲဆို တင်ပို့ပါတယ်။

ယခုအမှုနဲ့ စွပ်စွဲခံရသူ အောင်ဇင်ဗိုလ်(ခ)ဇင်ဗိုလ်ကို ဗဟန်းရဲစခန်းက အနောက်ပိုင်းခရိုင်တရားရုံးကို ယနေ့တရားစွဲတင်ပို့တာဖြစ်ပါတယ်။

သည်အမှုကိုရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/၃၀၇ ဖြင့် ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံး ရာဇ၀တ်ကြီးအမှုအမှတ် ၁၁၄/၂၀၁၆နဲ့လက်ခံပြီးဒုတိယခရိုင် တရားသူကြီး ၁ တရားခွင်မှာလက်ခံစစ်ဆေးသွားမှာဖြစ်ပါတယ်။

လာမယ့်စက်တင်ဘာလ ၇ ရက်နေ့မှာ တရားလိုဖြစ်သူကို စတင်စစ်ဆေးဆောင်ရွက်သွားမှာဖြစ်ပါတယ်။

Kumudra
https://www.facebook.com/newsKumudra
ဗဟန်းမြို့ နယ်မှာ ပါးစပ်ကို အ၀တ်ဆို့  လည်ပင်းညှစ်သတ်မှု ယနေ့ တရားစွဲတင်ပို့ ပြီ ဗဟန်းမြို့ နယ်မှာ ပါးစပ်ကို အ၀တ်ဆို့  လည်ပင်းညှစ်သတ်မှု ယနေ့ တရားစွဲတင်ပို့ ပြီ Reviewed by THITHTOOLWIN on 17:09 Rating: 5
Powered by Blogger.