နိုင်​ငံ​တော်​၏ အတိုင်​ပင်​ခံပုဂ္ဂိလ်​ ​ဒေါ်​အောင်​ဆန်းစုကြည်​ ကျန်းမာ​ရေး စိုးရိမ်​စရာ မရှိ

နိုင်​ငံ​တော်​၏ အတိုင်​ပင်​ခံပုဂ္ဂိလ်​ ​ဒေါ်​အောင်​ဆန်းစုကြည် အ မေ ရိ ကန် ပြည် ထောင် စု မှ မ ထွက် ခွာ မှီ တွေ့ ရစဉ်။ ဓါတ်ပုံ - facebook
နေပြည်​​တော်​၊ စက်​တင်​ဘာ ၂၅

ဗြိတိန်​၊ အ​မေရိကန်​ပြည်​​ထောင်​စု ခရီးစဉ်​များမှ စက်တင်ဘာလ (၂၅)ရက်နေ့ ညက ပြန်​လည်​​ရောက်​ရှိလာ​သော နိုင်​ငံ​တော်​၏ အတိုင်​ပင်​ခံပုဂ္ဂိလ်​ ​ဒေါ်​အောင်​ဆန်းစုကြည်​၏ ကျန်းမာ​ရေး အ​ခြေအ​နေ စိုးရိမ်​စရာ မရှိပါ။ ကျွမ်းကျင်​သူ ဆရာဝန်​ကြီးများဖြင့် ကျန်းမာ​ရေး စစ်​​ဆေးခဲ့ရာ - အ​မေရိကန်​ပြည်​​ထောင်​စု ခရီးစဉ်​အတွင်း အစီအစဉ်​များ များပြားလွန်းပြီး နားချိန်​ နည်းပါးသဖြင့် ပင်ပန်းနွမ်းနယ်​ခြင်း၊ ခရီးစဉ်​အတွင်း စားချိန်​​သောက်​ချိန်​ မမှန်​သဖြင့် အစာအိမ်​​ရောင်​ရမ်းခြင်း နှင့် ကွန်​ပျူတာ အကြည့်​များသဖြင့် အရိုးကျည်း​ပေါင်းတက်​ခြင်း စသည်​တို့ ​တွေ့ရှိရသည်​။

ကျန်းမာ​ရေးအ​ခြေအ​နေမှာ အထူး စိုးရိမ်​ဖွယ်​ရာ မရှိဘဲ ​ကောင်းမွန်​လျက်​ ရှိပြီး အချိန်​ အနည်းငယ်​ အနားယူရန်​ လိုအပ်​​ကြောင်း နိုင်​ငံ​တော်​၏ အတိုင်​ပင်​ခံပုဂ္ဂိလ်​ရုံးမှ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်​။

အစာအိမ်​ရောင်​ရင်​ စားသမျှ အံထွက်​ပါတယ်​။ ခရီးပန်းတဲ့ ဒဏ်​နဲ့ အစား မဝင်​တာနဲ့ လူက အားနည်း​နေတာပါ။ ကားမူး ​လေယာဉ်​မူးတာလည်း ပါပါတယ်​။ စိုးရိမ်​စရာ မရှိကြောင်းလည်း သိရပါသည်။

by သစ်ထူးလွင်
နိုင်​ငံ​တော်​၏ အတိုင်​ပင်​ခံပုဂ္ဂိလ်​ ​ဒေါ်​အောင်​ဆန်းစုကြည်​ ကျန်းမာ​ရေး စိုးရိမ်​စရာ မရှိ နိုင်​ငံ​တော်​၏ အတိုင်​ပင်​ခံပုဂ္ဂိလ်​ ​ဒေါ်​အောင်​ဆန်းစုကြည်​ ကျန်းမာ​ရေး စိုးရိမ်​စရာ မရှိ Reviewed by THITHTOOLWIN on 02:50 Rating: 5
Powered by Blogger.