ဖိလစ်ပိုင် ဗုံးပေါက်ကွဲမှု အနည်းဆုံး ၁၂ ဦးသေဆုံး

 ပေါက်ကွဲမှု ဖြစ်တဲ့ အချိန်မှာ သမ္မတ ဒူတာတေး လည်း ဒေဗောင်း မြို့မှာ ရောက်ရှိ နေ
ဖိလစ်ပိုင် နိုင်ငံ တောင်ပိုင်း မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွား ခဲ့တာကြောင့် လူ အနည်းဆုံး ၁၂ ဦး သေဆုံး ခဲ့ရပြီး အများအပြား ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ကြပါတယ်။

သမ္မတ ဒူတာတေး မြို့တော်ဝန် အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒေဗောင်း မြို့က ညဈေး တစ်ခုမှာ ပေါက်ကွဲမှု ဖြစ်ပွား ခဲ့တာပါ။

ကနဦး စုံစမ်း စစ်ဆေး မှုတွေအရ လက်လုပ်ဗုံး နဲ့ တိုက်ခိုက် ခဲ့တာ ဖြစ်ကြောင်း အစိုးရ တာဝန်ရှိသူ တစ်ဦး က ပြောပါတယ်။

ပေါက်ကွဲမှု ဖြစ်တဲ့ အချိန်မှာ သမ္မတ ဒူတာတေး လည်း ဒေဗောင်း မြို့မှာ ရောက်ရှိ နေပါတယ်။

မစ္စတာ ဒူတာတေး ဟာ ဖိလစ်ပိုင် သမ္မတ အဖြစ် ရွေးချယ်ခြင်း မခံရမီ က ဒေဗောင်း မြို့တော် ဝန် အဖြစ် နှစ်ပေါင်း ၂၀ ကျော် တာဝန် ထမ်းဆောင် ခဲ့တာ ဖြစ်ပါတယ်။

လောလောဆယ်မှာ ဒေဗောင်း မြို့ ရဲ့ အဝင်အထွက် တွေမှာ ရှာဖွေမှုတွေ ပြုလုပ် နေပါတယ်။ လူတွေကို လည်း ဗုံးပေါက်ကွဲမှု နဲ့ ပတ်သက်လို့ သတိ ရှိဖို့ အစိုးရ တာဝန်ရှိသူတွေက တိုက်တွန်း နေပါတယ်။

BBC Burmese
http://www.bbc.com/burmese/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ