![]() |
ဓာတ်ပုံ - မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်အေး |
ထိုသို့ ဖြစ်ပွားသဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူးးမှ စည်းကမ်းမဲ့ မောင်းနှင်သွားသော တော်ဝင် တို့၏ မော်တော်ယာဉ်နောက် အမှီလိုက်ကာ အော်ဟစ်ဆဲဆိုခဲ့ပြီး ထမင်းစားရန်နှင့် ကွမ်းယာ ၀ယ်စားရန် အတွက် ကရာနီလမ်းဆုံ လဘက်ရည် ဆိုင်ရှေ့ အရောက်၌ မော်တော်ယာဉ်အား ရပ်နားထားစဉ် တော်ဝင် တို့၏ မော်တော်ယာဉ်မှ အရှိန်ပြင်းစွာ မောင်းနှင်လာပြီး တော်ဝင် တို့၏ ကားပေါ်မှ လူတစ်ဦး ထွက်လာကာ ကင်ဒို ဓားရှည်ကို ကိုင်လျက် ရပ်နားထားသော မြို့နယ် အုပ်ချုပ်ရေးမှူး ၏ မော်တော်ယာဉ် Body အား ၆ / ၇ ချက် ခန့် ခုတ်ခဲ့ပြီး ၄င်းတို့၏ မော်တော်ယာဉ်ပေါ် သို့ အလျင်အမြန် တက်၍ ဘုရားငါးဆူကွင်းပြင်အနီး၊ မြို့မ ဘောလုံးကွင်းဘက်သို့ ထွက်ပြေးမောင်နှင်သွားခဲ့ကြောင်း သိရပါတယ်။
ယင်းဖြစ်စဉ်နှင့် စပ်လျဉ်း၍ မေးမြန်း စုံစမ်းချက်များ အရ မည်သည့် ရဲကင်း ရဲစခန်းတွင်မျှ တရားဝင် အမှုဖွင့် အရေးယူ ဆောင်ရွက် ထားခြင်း မရှိကြောင်း သိရပါတယ်။
တနင်္သာရီတိုင်းမ် သတင်းမီဒီယာ
https://www.facebook.com/myeik.secret.news
မြိတ်မြို့နယ် အုပ်ချုပ်ရေးမှူး မောင်းနှင်လာသော ဌာနပိုင်ကား ဓားဖြင့်ခုတ်ခံရ
Reviewed by THITHTOOLWIN
on
11:03
Rating:
