ဖြူး တရားရုံးဝင်းအတွင်း သက်သေတဦး စကေဘာဖြင့် အထိုးခံရ


ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တရားရုံးဝင်းအတွင်း၌ စက်တင်ဘာလ ၂၀ ရက်နေ့ မနက် ၁၁ နာရီက သက်သေအဖြစ်အစစ်ခံရန် လာရောက်သည့် အမျိုးသားတဦး စကေဘာဖြင့်အထိုးခံမှုတခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဖြူးမြို့မရဲစခန်း၏မြောက်ဘက် ၁ မိုင်ခန့်အကွာတွင် တည်ရှိသော ဖြူးမြို့နယ်တရားရုံးဝင်းအတွင်း၌ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ပါရမီရိပ်သာနေ ASIA မော်တော်ယာဉ်အသင်းဥက္ကဌ ဦးဝင်းနိုင် (၄၉) နှစ် (ဘ) ဦးနော်ကယားသည် မှုခင်းအမှတ် ၂၈၈/၂၀၁၅ ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၂၀ အမှုနှင့်ပတ်သတ်၍ သက်သေအဖြစ် အစစ်ဆေးခံရန်အတွက် တရားရုံးအဆောက်အဦး၏အရှေ့ ၂ ပေခန့်အကွာ လူသွားလမ်း၌ စောင်ဆိုင်းနေစဉ် အသက် (၂၀)ခန့်ရှိအမျိုးသားတဦးမှ စကေဘာဖြင့် ဝင်ရောက် ဆင့်ထိုးခဲ့ကာ ရုံးအပြင်ဘက်သို့ထွက်ပြေးကာ အသင့်စက်နှိုးထားသောဆိုင်ကယ်ဖြင့် ထွက်ပြေးရန် ကြိုးစားစဉ် ASIA မော်တော်ယာဉ်လုပ်ငန်းမှဝန်ထမ်းဖြစ်သူ ဦးဆန်နီမှ လုံးထွေးသတ်ပုတ်၍ ဖမ်းဆီးရာ ၎င်းထံမှ အရိုး/အသွား (၁၀) လက်မခွဲခန့်ရှိ သုံးမြှောင့်စကေဘာ ၁ လက် ကျကျန်ခဲ့ပြီး ဆိုင်ကယ်ဖြင့် မောင်းနှင်ထွက် ပြေးသွားခဲ့သည်။

စကောဘာဖြင့်အထိုးခံရခြင်းကြောင့် ဦးဝင်းနိုင်တွင် ရင်ညွန့်အောက်တွင် ထိုးသွင်းစူးဝင် ဒဏ်ရာ(၁)ချက်၊ ဝမ်းဗိုက်အထက်တွင် ထိုးသွင်းစူးဝင် ဒဏ်ရာ(၂)ချက်၊ ယာဘက်ရင်ညွန့် ထိုးသွင်းဒဏ်ရာ(၁)ချက် ရရှိကာ ဖြူးမြို့နယ် ပြည်သူ့ဆေးရုံတွင် အတွင်းလူနာ(မစိုးရိမ်ရ)အဖြစ် ဆေးကုသမှုခံယူနေရပြီး တရားခံအားအမြန် ဆုံးဖမ်းဆီးရမိရေးအတွက် နယ်မြေရဲစခန်းမှ စုံစမ်းရှာဖွေလျှက်ရှိကြောင်း သိရသည် ။

ဖြိုးကိုလင်း(ညောင်ဝိုင်း)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ