နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဗြိတိန် - အမေရိကန် ခရီးစဉ် ထွက်ခွါ


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဗြိတိန်နိုင်ငံခရီးစဉ်၊ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့သို့ သွားရောက်မည့် တရားဝင်ခရီးစဉ်နှင့် နယူးယောက်မြို့ ၌ ကျင်းပပြုလုပ်မည့် (၇၁) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံသို့ တက်ရောက်မည့်ခရီးစဉ်တို့ အတွက် ယနေ့ မြန်မာစံတော်ချိန် ၀၉:၄၀ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထိုင်းလေကြောင်းဖြင့် ထွက်ခွာသွားပါသည်။


နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်နှင့် သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ လိုက်ပါသွားကြကြောင်း သိရှိရပါသည်။

Ministry of Foreign Affairs Myanmar
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဗြိတိန် - အမေရိကန် ခရီးစဉ် ထွက်ခွါ  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဗြိတိန် - အမေရိကန် ခရီးစဉ် ထွက်ခွါ Reviewed by THITHTOOLWIN on 10:33 Rating: 5
Powered by Blogger.