![]() |
လင်မယားချင်းစကားများရာက လူသတ်မှုဖြစ်ပွား |
စက်တင်ဘာလ (၆)ရက်နေ့  မွန်းလွဲ ၁ နာရီ ၁၀ မိနစ်အချိန် လယ်ဝေးမြို့နယ်၊ ပန်းတင်ကျေးရွာနေ မနိုင်ဝင်း(ခ)မမိုးမိုး(၄၀)နှစ်မှာ ဓားဖြင့်အခုတ်ခံရ၍ သေဆုံးကြောင်း သိရှိရသဖြင့် ပြောင်ခေါင်းကြီး ကျေးရွာနေ ဖခင်ဖြစ်သူ ဦးဘိုဖြူ(၇၈)နှစ်မှ သွားရောက်ကြည့်ရှုရာ မနိုင်ဝင်း(ခ)မမိုးမိုးသည် နေအိမ် အိပ်ခန်းထဲ၌ ပြတ်ရှဒဏ်ရာများနှင့်သေဆုံးနေသည်ကို တွေ့ရှိရသည်။
ပတ်ဝန်းကျင်အား မေးမြန်းရာ မနိုင်ဝင်း(ခ)မမိုးမိုး၏ ခင်ပွန်းဖြစ်သူ မင်းသိန်းဌေး(၃၇)နှစ်မှ လင်မယားချင်းစကားများစဉ် အိမ်ရှိ ဓားမဖြင့်ခုတ်သောကြောင့် သေဆုံးရခြင်းဖြစ်ကြောင်း သိရှိရ၍ ဦးဘိုဖြူမှ အရေးယူပေးရန် တိုင်တန်းရာ သာဝတ္ထိနယ်မြေရဲစခန်း(ပ)၇၆/၂၀၁၆၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်
https://www.facebook.com/yezarnimedia
လင်မယားချင်း စကားများရာက မိန်းမကို ဓားမနှင့် ခုတ်သတ် မှုဖြစ်ပွား
Reviewed by THITHTOOLWIN
on
19:18
Rating:
