![]() |
ဒဏ်ခတ်ပိတ်ဆို့မှုတွေ လျှော့ချဖို့ သမ္မတ အိုဘားမားနဲ့ ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးဖို့ ရှိ |
တချိန်တည်းမှာပဲ မြန်မာနိုင်ငံ အပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေ လျှော့ချ ပေးဖို့ အတွက် အမေရိကန် ဒီမိုကရက် လွှတ်တော် အမတ် ဘန်ကာဒင်နဲ့ ဆီးနိတ် စစ်မှုထမ်း ရေးရာ ကော်မတီ ဥက္ကဋ္ဌ ရီပတ်ဘလစ်ကန် အမတ် ဂျွန် မက်ကိန်းတို့ ဦးဆောင်ပြီးCardin-McCain Burma Strategy Act of 2016 ဆိုတဲ့ ဥပဒေ တရပ်ကို အမေရိကန် အထက်လွှတ်တော်မှာ တင်သွင်းဖို့လည်း ရှိနေပါတယ်။
ဒီဥပဒေကြမ်း အရ လူ့အခွင့်အရေး ကိစ္စတွေမှာ ထိန်းသိမ်း ဆောင်ရွက်မှုတွေ လုပ်မှာ ဖြစ်သလို တချိန်ထဲမှာ ဒဏ်ခတ် ပိတ်ဆို့မှုတွေ နောက်ထပ် လျှော့ချ ပေးဖို့ ရည်ရွယ်ပြီး တင်သွင်းတဲ့ ဥပဒေကြမ်း ဖြစ်ပါတယ်။
ဒီမှာ ဒဏ်ခတ် ပိတ်ဆို့မှုတွေ လျှော့ဖို့ ဒီမိုကရေစီနဲ့ တိုင်းရင်းသား ရင်ကြားစေ့ရေး ဆိုင်ရာ လမ်းညွှန်ချက်တွေကို ချပြ ပေးထားပြီး ဒါတွေကို ကြည့်ပြီး ပြန်လည် သုံးသပ်ဖို့ ဆော်သြ ထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်ပင် ဆွေးနွေးပြီးနောက် ဒီကိစ္စတွေ ပြန်လည် သုံးသပ်ဖို့ အမေရိကန် သမ္မတ အိုဘားမားက စဉ်းစား လာနိုင်ပါတယ်။
ဒီအတွက် မြန်မာနိုင်ငံရဲ့ အင်အားကြီး စစ်တပ်ကို ဘယ်လို ထိန်းညှိနိုင်မလဲ ဆိုတာနဲ့ ပတ်သက်လို့ သူတို့ တိုင်ပင် သုံးသပ်နိုင်ပါတယ်။
အမေရိကန် အခြေစိုက် နယူး အမေရိကား ဖောင်ဒေးရှင်းက အကြီးတန်း ပညာရှင် Suzanne DiMaggio ကတော့ အမေရိကန် ကွန်ဂရက် လွှတ်တော်အမတ်တွေအနေနဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေ ရုပ်သိမ်းဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြံဉာဏ်ကို ရယူကြမှာ ဖြစ်တယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ အရေးကြီးတာက စစ်တပ်က အခြေခံ ဥပဒေနဲ့ ဆက်ပြီး အာဏာ ချုပ်ကိုင် နေတာ ဖြစ်ကြောင်း၊ နောက် တိုင်းရင်းသား ဒေသတွေက ငြိမ်းချမ်းရေး ရဖို့နဲ့ ရိုဟင်ဂျာတွေရဲ့ လူမှု နေထိုင်ရေး အခြေအနေတွေ တိုးတက်မှု ရှိရေးတွေက အရေးကြီးတဲ့ ကိစ္စတွေ အနေနဲ့ ဆက်ရှိနေမှာ ဖြစ်ကြောင်း သူက ပြောပါတယ်။
ဒီခရီးစဉ် အတွင်း ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အမေရိကန် စီးပွားရေး ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး သူ့ရဲ့ စီးပွားရေး စိတ်ကူးတွေ ဦးစားပေးမှုတွေကို သေချာ ရှင်းပြသင့်တယ်လို့ Suzanne DiMaggio က ပြောပါတယ်။
ဒါမှ ဒဏ်ခတ် ပိတ်ဆို့မှုတွေကြောင့် ထင်သလောက် မဝင် ဖြစ်နေတဲ့ အမေရိကန် စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေ ပိုရလာလိမ့်မယ်လို့လည်း ဆိုပါတယ်။
ဒီဥပဒေ အရ ၂ နိုင်ငံကြား စစ်ဘက် ဆက်ဆံရေးတွေကို အတိုင်းအတာ တခုထိ ခွင့်ပြုပေးသွားမှာ ဖြစ်ပြီး မြန်မာ့ ကျောက်စိမ်း လုပ်ငန်းနဲ့ ပတ်သက်တဲ့ အစီရင်ခံစာ တင်သွင်းဖို့လည်း တောင်းဆို ထားပါတယ်။
မြန်မာ နိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပိုမို တိုးမြှင့်ဖို့ အမေရိကန် အစိုးရက တိုက်တွန်းလိုတဲ့အတွက် ဒါကို အိုဘားမားက ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်ပင်လို တယ်လို့ အမေရိကန် လက်ထောက် အမျိုးသား လုံခြုံရေး အကြံပေး ဘန်ရုတ်ဒ်စ်က ပြောပါတယ်။
BBC Burmese
http://www.bbc.com/burmese
ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်နဲ့ အမေရိကန် ပိတ်ဆို့မှု
Reviewed by THITHTOOLWIN
on
03:39
Rating:
