![]() |
ဒီတချီမှာလည်း ဒေါ်အောင်ဆန်းစုကြည်က သမ္မတ အိုဘားမားနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ (Credit: AFP) |
လာအိုနိုင်ငံမှာ ရောက်ရှိနေတဲ့ အမေရိကန် သမ္မတက မနေ့တုန်းကပဲ ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်နိုင်ငံကို စက်တင်ဘာလ ၁၄ ရက်နဲ့ ၁၅ ရက်မှာ လည်ပတ်ဖို့ ရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ် မတိုင်ခင်မှာ အမေရိကန် အစိုးရက မြန်မာအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေကို ထပ်မံ ဖယ်ရှားပေးဖို့ သင့်မသင့် စဉ်းစားနေပါတယ်။
ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် အမေရိကန်နိုင်ငံက အကြီးစား ကုမ္ပဏီတွေ မြန်မာနိုင်ငံထဲ ဝင်ဖို့ အခက်အခဲတွေ ရှိတဲ့အတွက် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဖယ်ရှားပေးဖို့ အမေရိကန် အစိုးရကလည်း ဆန္ဒရှိနေပါတယ်။
လူ့အခွင့်အရေး စောင့်ကြည့်တဲ့အဖွဲ့ကတော့ အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ မြန်မာ စစ်ဗိုလ်တွေ၊ ခရိုနီတွေအပေါ် ပစ်မှတ်ထားတဲ့ ပိတ်ဆို့မှု ဖြစ်တာကြောင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့အတွက် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ဆက်ထားသင့်တယ်လို့ ပြောဆိုနေပါတယ်။
မြန်မာနိုင်ငံ ငွေရေးကြေးရေးကဏ္ဍ၊ သွင်းကုန်နဲ့ ရင်းနှီးမြုပ်နှံမှုတွေမှာ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ဖယ်ရှားပေးပြီးသား ဖြစ်လို့ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကိုသာ အဓိက ပစ်မှတ်ထားတဲ့ ပိတ်ဆို့မှုတွေတော့ ဆက်ထားသင့်တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေး HRW က ပြောဆိုလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကို မကြောက်တဲ့အကြောင်း မြန်မာနိုင်ငံကို ဒုက္ခရောက်စေဖို့ထက် မြန်မာကို ကူညီချင်လို့ အမေရိကန်ဘက်က ပိတ်ဆို့မှု လုပ်တာလို့ပဲ ယုံကြည်ကြောင်း အရင်တုန်းက ပြောဆိုခဲ့တာ ရှိပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
ဒေါ်စု နောက်တပတ် ကန်ကို သွားမယ်
Reviewed by THITHTOOLWIN
on
19:01
Rating:
