လားရှိုးမြို့ တွင် မီးလောင်မှုဖြစ်


လားရှိုး၊ စက်တင်ဘာ ၁၈ ။

ယနေ့စက်တင်ဘာ၁၈ရက်နေ့ နံနက် ၁၁ နာရီခန့်က လားရှိုးမြို့ ရပ်ကွက် ၃ ကြာနီလမ်းရှိ အိမ်တစ်လုံး တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း လားရှိုးမြို့ခံတစ်ဦးက ယနေ့နေ့လယ်ပိုင်းတွင်AHN သို့ပြောသည်။

" လားရှိုးမြို့ ရပ်ကွက် ၃ ကြာနီလမ်း အောင်တာယာဆိုင်အနီး ပစ္စည်းသိုလှောင်ရုံ အိမ်ကနေ မီးစတင်လောင်းကျွမ်းတာပါ။ ပျဉ်ထောင်အိမ်ဖြစ်နေတော့ ပိုဆိုးတာပေါ့ ။မီးသတ်က အမြန်ရောက်လာလို့ တော်သေးတယ်။

မီးသတ်တပ်ဖွဲ့ဝင်တွေ ၀ိုင်းဝန်းမီးငြိမ်းသတ်တာကြောင့် ၁၅မိနစ်အတွင်းငြိမ်းသတ်နိုင်ခဲ့ပြီး ဘေးအိမ်တွေကို မီးကူစက်လောင်ကျွမ်းမှု မဖြစ်ခဲ့ပါဘူး။ မီးလောင်မှုကြောင့် ထိခိုက်သေဆုံးတယ်လို့လည်း မကြားမိပါဘူး “ ဟု ၄င်းကပြောသည်။

မီးလောင်ကျွမ်းရသည့်အကြောင်းအရင်းနှင့် ဆုံးရှုံးမှုတန်ဖိုးကို သက်ဆိုင်ရာက ထုတ်ပြန်မှုမရှိသေးကြောင်း မီးလောင်သည့်နေရာသို့သွားရောက်သတင်းရယူခဲ့သည့် AHN သတင်းထောက်ကသတင်းပေးပို့သည်။

ဖေယျာ ( AHN - LSO)

PHOTO - AHN
The Asia Heart News
လားရှိုးမြို့ တွင် မီးလောင်မှုဖြစ်   လားရှိုးမြို့ တွင် မီးလောင်မှုဖြစ် Reviewed by THITHTOOLWIN on 13:49 Rating: 5
Powered by Blogger.