ညှင်းပန်းနှိပ်စက်ခံရတဲ့ ကလေး ၂ ဦးကိစ္စ ကော်မရှင်ရှင်းပြ

( အိမ်အကူ ကလေး ၂ ဦး ညှင်းပန်းနှိပ်စက်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံလူ့အခွင့်ရေး ကော်မရှင်က စက်တင်ဘာလ ၂၁ ရက်နေ့မှာ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံရှင်းလင်းနေစဉ် ) Photo: Kyaw Zaw Win/ RFA
ရန်ကုန်တိုင်း ကော့မှူးမြို့နယ်က အိမ်အကူ ကလေး ၂ ဦး ညှင်းပန်းနှိပ်စက်ခံရတဲ့ ကိစ္စမှာ ကလေးတွေ နစ်နာကြေးရစေလိုတာကြောင့် မြန်မာနိုင်ငံ လူ့အခွင့်ရေး ကော်မရှင်က စေ့စပ်ညှိနှိုင်းပေးခဲ့တာဖြစ်ပြီး တရားဥပဒေအရလည်း တရားစွဲဆိုလိုရတဲ့ နည်းလမ်းရှိတယ်လို့ ကော်မရှင်က ပြောပါတယ်။

ဒီနေ့ လူ့အခွင့်အရေးကော်မရှင်နဲ့ သတင်းမီဒီယာတွေ တွေ့ဆုံစဉ်မှာ မြန်မာနိုင်ငံ လူ့အခွင့်ရေးကော်မရှင် အဖွဲ့ဝင် ဒေါ်သန်းနွယ်က အခုလို ပြောပါတယ်။

ကျောက်တံတားမြို့နယ် လမ်း ၄၀မှာရှိတဲ့ အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင်မိသားစုက အိမ်အကူကလေး ၂ ဦးကို ညှင်းပန်းနှိပ်စက်ခဲ့တဲ့တာနဲ့ ပတ်သက်ပြီး စက်တင်ဘာလ ၁၆ ရက်နေ့က လူအခွင့်ရေးကော်မရှင်ရုံးမှာ နှစ်ဖက်ညှိနိုင်းရာမှာ ကလေး ၂ ယောက် အတွက် ငွေကျပ်သိန်း ၅၀ ကို အင်းဝဆိုင်မိသားစုက ပေးခဲ့တာဖြစ်ပါတယ်။

ကလေးငယ် ၂ ဦး ညှင်းပန်းနှိပ်စက်ခဲ့ရတဲ့ကိစ္စမှာ ငွေကျပ်သိန်း ၅၀နဲ့ ကျေအေးဖို့ ညှိနှိုင်းပေးခဲ့တဲ့ လူ့အခွင့်ရေးကော်မရှင်ကို မကျေနပ်တာကြောင့် ပြည်သူတချို့က လူ့အခွင့်ရေးကော်မရှင်ရုံးရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။

အဲဒီကလေးငယ် ၂ ဦးညှင်းပန်းနှိပ်စက်ခံရတဲ့ကိစ္စကို စတင်ရေးသားဖေါ်ထုတ်ခဲ့တာက Myanmar Now သတင်းဌာနက ဖြစ်ပြီး နောက်ပိုင်းမှာ ကော်မရှင်ထံ ရောက်ရှိခဲ့ တာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
ညှင်းပန်းနှိပ်စက်ခံရတဲ့ ကလေး ၂ ဦးကိစ္စ ကော်မရှင်ရှင်းပြ ညှင်းပန်းနှိပ်စက်ခံရတဲ့ ကလေး ၂ ဦးကိစ္စ ကော်မရှင်ရှင်းပြ Reviewed by THITHTOOLWIN on 17:26 Rating: 5
Powered by Blogger.