အငူမော် ပင်လယ်ကမ်းခြေတွင် ကျပ်သန်းပေါင်း လေးထောင့်ငါးရာကျော် တန်ဖိုးရှိ စိတ်ကြွရှုးသွပ်ဆေးပြားများ သိမ်းဆည်းရမိ


 သြဂုတ် ၂

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အငူမော်ကုန်တန်းကျေးရွာနှင့် ၁ မိုင်ခန့် ကွာဝေးသော ပင်လယ်ကမ်းခြေ၌ ရေစီးနှင့်မျောပါလာသော ကျပ်သန်းပေါင်း ၄၅၂၀ တန်ဖိုးရှိ စိတ်ကြွရှုးသွပ်ဆေးပြား ၂၂၆၀၀၀၀ အား သိမ်းဆည်းရမိကြောင်း သတင်းရရှိသည်။


အဆိုပါဆေးပြားများကို စက်တင်ဘာလ ၂ ရက်နေ့ မွန်းလွဲပိုင်း အချိန်က အငူမော် ပင်လယ်ကမ်းခြေ၌ သိမ်းဆည်းရမိခြင်း ဖြစ်ပြီး ယင်းဆေးပြားများသည် ဆာလာအိတ် ၉ အိတ်ဖြင့် ထည့်ကာ မျောပါလာခြင်း ဖြစ်ကြောင်း ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်က ပြောသည်။


ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်က “ ရေစီးနဲ့မျောပါလာတယ် ဆိုတော့ ရေအတက်အကျ မျောပါနေတာပေါ့ဗျာ ၊ ဘယ်ဘက်က မျောပါလာတယ် ဆိုတာတော့ ကျွန်တော်တို့ လည်း မသိပါဘူး။ သွားရောက် စစ်ဆေးတဲ့အခါ ရေစီးနဲ့ မျောပါလာလို့ ငါးဖမ်းနေတဲ့ လူတစ်ဦးကတွေ့ပြီး ဆယ်ယူလာတာပါ ။ အထုတ်ကတော့ ဆာလာအိတ်နဲ့ ထည့်ထားတာ ၉ ထုတ်ပါ။ ” ဟုပြောသည်။

အဆိုပါ စိတ်ကြွဆေးပြားများ ရေစီးနှင့်မျောပါလာသည်ကို ပတ်ဝန်းကျင်ကျေးရွာမှ ငါးရှာနေသော ဒေသခံတစ်ဦးမှတွေ့ရှိ၍ ဆယ်ယူလာပြီး သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး ထံ အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။

By နေ၀င်းစံ
Rakhine Gazette
https://www.facebook.com/RakhineGazetteJournal
အငူမော် ပင်လယ်ကမ်းခြေတွင် ကျပ်သန်းပေါင်း လေးထောင့်ငါးရာကျော် တန်ဖိုးရှိ စိတ်ကြွရှုးသွပ်ဆေးပြားများ သိမ်းဆည်းရမိ  အငူမော် ပင်လယ်ကမ်းခြေတွင် ကျပ်သန်းပေါင်း လေးထောင့်ငါးရာကျော် တန်ဖိုးရှိ စိတ်ကြွရှုးသွပ်ဆေးပြားများ သိမ်းဆည်းရမိ Reviewed by THITHTOOLWIN on 21:37 Rating: 5
Powered by Blogger.