လင်မယား နှစ်ဦးစကားများ ရန်ဖြစ်ရာမှ အိပ်ခန်းအား တံခါးဂျက်ထိုးပြီး သေကြောင်းကြံမီးရှို့ရာမှ မီး လောင်ကျွမ်းသေဆုံး

သံတွဲမြို့အမှတ် (၅) ရပ်ကွက်တွင်လူနေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွား၊ လူနှစ်ဦးသေဆုံး
သံတွဲ စက်တင်ဘာ ၂၇

သံတွဲမြို့၊ အမှတ်(၅) ရပ်ကွက်၊ ချယ်ရီလမ်းတွင် လူနေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားပြီး လူနှစ်ဦးမီးလောင် သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၂၇ ရက်နေ့ မွန်းလွဲ ၁၂း၄၇ အချိန်တွင် ဦးဝင်းကိုအောင် (၃၆) နှစ်၊ (ဘ)ဦးကျော်ဝင်း (ကုန်သည်) နှင့် မဂျူစီဦး (၃၀) နှစ်၊ (ဘ) ဦးစောဘဦး (မူလတန်းပြဆရာမ) တို့ လင်မယား နှစ်ဦးစကားများရန်ဖြစ်ရာမှ ၎င်းတို့နေအိမ်အိပ်ခန်းအား တံခါးဂျက်ထိုးပြီးသေကြောင်းကြံမီးရှို့ရာမှ တဆင့်မီး လောင် ကျွမ်းမှုဖြစ်ကြောင်း သံတွဲခရိုင် မီးသတ်ဦးစီးဌာနမှ သိရသည်။

အဆိုပါမီးလောင်မှု ဖြစ်ပွားရာနေရာသို့ ခရိုင်မီးသတ်ဦးစီးမှူး ဦးဝင်းလှိုင်နှင့် မြို့နယ်ဦးစီးမှူး ဦးနေလင်းကျော်၊ စခန်းမှူးတို့မှ ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင် (၂၂) ဦး၊ အရန်တပ်ဖွဲ့ဝင်(၁၀)ဦး၊ စုစုပေါင်း (၃၂) ဦး၊ မီးငြိမ်းသတ်ယာဉ်(၅)စီး၊ ရေသယ်ယာဉ် (၁)စီး၊ စုစုပေါင်း (၆) စီးဖြင့် မီးငြိမ်းသတ်ခဲ့ရာ ၁၃း၂၅ အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။


အဆိုပါမီးလောင်မှုကြောင့် ဦးဝင်းကိုအောင်နှင့် မဂျူစီဦး (မူလတန်းပြ) တို့နှစ်ဦးသေဆုံးခဲ့ပြီး (၂၀ ပေ× ၄၀ ပေ)သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း၊ နှစ်ထပ်လူနေအိမ် အပေါ်ထပ်မီးလောင် ဆုံးရှုံးခဲ့သည်။

၎င်းမီးလောင်မှုဖြစ်စဉ်ကြောင့် ဦးဝင်းကိုအောင် (၃၆) နှစ် (ဘ) ဦးကျော်ဝင်း (ကုန်သည်) အား သံတွဲမြို့နယ်ရဲ တပ်ဖွဲ့စခန်းမှ (ပ/၅၃၅/၂၀၁၆၊ ပုဒ်မဆောင်ရွက်ဆဲ) ဖြင့်အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း ခရိုင်မီးသတ်ဦးစီးမှူးရုံးမှ ကနဦး သတင်းရရှိသည်။

ခရိုင်ပြန်/ဆက်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
လင်မယား နှစ်ဦးစကားများ ရန်ဖြစ်ရာမှ အိပ်ခန်းအား တံခါးဂျက်ထိုးပြီး သေကြောင်းကြံမီးရှို့ရာမှ မီး လောင်ကျွမ်းသေဆုံး လင်မယား နှစ်ဦးစကားများ ရန်ဖြစ်ရာမှ အိပ်ခန်းအား တံခါးဂျက်ထိုးပြီး သေကြောင်းကြံမီးရှို့ရာမှ မီး လောင်ကျွမ်းသေဆုံး Reviewed by THITHTOOLWIN on 06:36 Rating: 5
Powered by Blogger.