မူးယစ်ပြဿ နာ ဖြေရှင်းဖို့ အချိန်ထပ်လိုကြောင်း ဖိလစ်ပိုင်သမ္မတပြော

သမ္မတ Rodrigo Duterte
ဖိလစ်ပိုင်နိုင်ငံမှာ သူသမ္မတတာဝန်ယူပြီး ၃ လကနေ ၆ လအတွင်း မူးယစ်ဆေးရောင်းဝယ်မှုတွေ ပပျောက်အောင် လုပ်မယ်လို့ ကတိပေးထားပေးမယ့် ဒီမူးယစ်ဆေးဝါး ပြဿနာဟာ သိပ်ကို ကြီးမားတဲ့အတွက် အခု သူပေးထားတဲ့ ကတိအတိုင်း လုပ်နိုင်မယ် မထင်ဘူးလို့ ပထမဆုံးအကြိမ်အဖြစ် ဖိလစ်ပိုင်သမ္မတ Rodrigo Duterte က တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။

ဒီပြဿနာ အတွက် သူကတိပေးထားတဲ့ ကာလကို နောက်ထပ် ၆ လလောက် ထပ်ပြီး တိုးဖို့ လိုမယ်လို့ သမ္မတ Duterte က တနင်္ဂနွေနေ့ ညနေပိုင်းမှာ ပြောကြားလိုက်တာပါ။ ဒီကိစ္စမှာ အစိုးရအရာရှိတွေ အပါအဝင် လူအတော်များများ ပါဝင် ပါတ်သက်နေတာမို့ ဒီရာဇဝတ်မှုနဲ့ ပါတ်သက်နေသူတွေကို သူက သတ်ပစ်ချင်ရင်တောင် အားလုံးကို သတ်မပစ်နိုင်ဖူးလို့လည်း ပြောပါတယ်။

ဇွန်လမှာ သမ္မတရာထူး စတင်တာဝန်ယူခဲ့ချိန်ကစပြီး သမ္မတ Duterte ရဲ့ မူးယစ်ဆေးတိုက်ဖျက်ရေး လုပ်ဆောင်မှုကြောင့် မူးယစ်ဆေး ရောင်းဝယ်သူတွေ မှောင်ခိုခိုးထုတ် ခိုးသွင်းသူတွေ လို့ သံသယ ရှိသူပေါင်း သုံးထောင်ကျော် အသတ်ခံခဲ့ရပါတယ်။

အခုလို အများအပြား အသတ်ခံနေရတာနဲ့ ပတ်သက်ပြီး အမေရိကန် သမ္မတ Barack Obama၊ ကုလသမဂ္ဂတာဝန်ရှိသူတွေနဲ့ ကုလသမဂ္ဂ လူ့အခွင့်ရေး စောင့်ကြည့်အဖွဲ့တွေက စိုးရိမ်စိတ်ပူကြောင်း ထုတ်ဖေါ်ပြောဆိုနေကြတာပါ။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ