![]() |
မြေယာ ပြဿနာ မျိုးလို လူထုရဲ့ အခြေခံ ပြဿနာ တွေ ဖြေရှင်း ပေးနိုင် ဖို့ လိုအပ်နေ။ |
ဥပဒေ အရ လုပ်ဆောင် မယ် ဆိုရင်တောင် တည်ဆဲ မြေယာ ဥပဒေ နဲ့ မြေလွတ် မြေရိုင်း ဥပဒေတွေ ကိုယ် ၌ မှာကို ချို့ယွင်း အားနည်းချက် တွေ ရှိနေတဲ့ အတွက် တောင်သူ တွေ လက်ထဲ ပြန်ရဖို့ မလွယ်ကူ ဖြစ်နေရတယ် လို့ EDEP ရဲ့ အထွေထွေ အတွင်းရေးမှူး ဦးထွန်းမြင့်အောင် က ဘီဘီစီကို ပြောပါတယ်။
မြေယာ ပြဿနာ မျိုးလို လူထုရဲ့ အခြေခံ ပြဿနာ တွေ ဖြေရှင်း ပေးနိုင် ဖို့ဆိုရင် အစိုးရ နဲ့ လွှတ်တော် တို့အပြင် အများ ပြည်သူ အရေး ဆောင်ရွက် ပေးနေတဲ့ သမဂ္ဂ တွေ ၊ အရပ် ဖက် အဖွဲ့အစည်း တွေ ပူးပေါင်း ဆောင်ရွက် သွားမှ ဖြစ်မယ်လို့ လည်း ဦးထွန်းမြင့်အောင် က ဆိုပါတယ်။
တိုင်းရင်းသား နယ်မြေ တွေ အပါအဝင် မြန်မာ နိုင်ငံ တလွှားက ဒေသတွမှာ လယ်ယာမြေနဲ့ သယံဇာတ တူးဖော်ရေး၊ ဖွံ့ဖြိုးရေး စတဲ့ နယ်ပယ်တွေမှာ တိုးတက်မှု တွေ ဖွံ့ဖြိုး နောက်ကျ နေရဆဲ ဖြစ်တယ်လို့ EDEP က ထုတ်ပြန် ထားပါတယ်။
ဥပဒေ တွေ ပြင်ဆင် နိုင်ရေးနဲ ကောင်းမွန် တဲ့ ဥပဒေတွေ လက်တွေ့ အကောင်အထည် ဖော် နိုင်ရေးလို ဥပဒေ စိုးမိုးရေး ကိစ္စ တွေ အမြန်ဆုံး ဆောင်ရွက် ပါဆိုပြီး EDEP က တိုက်တွန်း ထားပါတယ်။
BBC Burmese
http://www.bbc.com/burmese
အစိုးရသစ် လက်ထက်မှာလည်း မြေယာ ပြဿနာ မဖြေရှင်းနိုင် ဖြစ်နေတယ်လို့ ဝေဖန်နေ
Reviewed by THITHTOOLWIN
on
06:59
Rating:
