ပြည်မြို့ ကမ်းနားလမ်းအနီး ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်သူ အမျိုးသမီး(၄)ဦးအား အမှတ်(၁)နယ်မြေရဲစခန်းမှ ဖမ်းဆီးအရေးယူ


ပြည်  - စက်တင်ဘာ (၂၂)ရက်နေ့

ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင်၊ ပြည်မြို့ ကမ်းနားလမ်း ပန်းခြံအနီး၊ ပလက်ဖောင်းလမ်းမပေါ်တွင် ပြည့်တန်ဆာကိစ္စအလို့ငှာ လမ်းသွားလမ်းလာများကို ဟိရိသြတ္တပ္ပတရား ကင်းမဲ့လျှက် အာရုံစွဲညှိ စေရန် ကိုယ်အမူ အရာ နှုတ်အမူအရာများဖြင့် မြူဆွယ်သွေးဆောင်ခြင်းများ ပြုလုပ်နေသူ အမျိုးသမီး (၄)ဦးအား စက်တင်ဘာလ (၂၂)ရက်နေ့ မှာ ပြည်အမှတ်(၁) ရဲစခန်းမှ ဖမ်းဆီး အရေးယူခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါပြည်အမှတ်(၁)ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်ကျော်ဇင်ဦးနှင့် အဖွဲ့သည် အမျိုးသမီး ရဲမေ ရဲတပ်သားအေးမြတ်ဇော်၊ သက်သေ ကျောင်းကြီးအိုးတန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ခင် ရာအိမ်မှူး ဦးအောင်သူ တို့နှင့်အတူ နယ်မြေသတင်း စုံစမ်းဆောင်ရွက်နေစဉ် ကျောင်းကြီးအိုး တန်းရပ်ကွက်၊ကန်လမ်း၊ ကြံ့ခိုင်ရေးရုံးအနီး၊ လမ်းဘေးပလပ်ဖောင်ပေါ်တွင် ပြည့်တန်ဆာ ကိစ္စအလို့ငှာ လမ်းသွားလမ်းလာများကို ဟိရိသြတ္တပ္ပတရား ကင်းမဲ့လျှက် အာရုံစွဲညှိ စေရန် ကိုယ်အမူအရာနှုတ်အမူ အ ရာများဖြင့်မြူဆွယ်သွေးဆောင်ခြင်းများ ပြုလုပ်နေသူ မဟေမာန်ဦး(၂၀)နှစ်၊ ရှားရုံရပ်၊ ဆံတော် ရပ် ကွက်၊ ပြည်မြို့  ၊  ဒေါ်မြခရေ(၄၈)နှစ်၊ ရတနာထီးဖြူလမ်း၊ ရွာဘဲရပ်ကွက်၊ ပြည်မြို့နေသူနှင့် ဒေါ်ဌေး(၅၁)နှစ် စံနန်းဦးဘုရားလမ်း၊ ရွာဘဲရပ်ကွက်၊ ပြည်မြို့နေသူနှင့် မမိုးမိုး(၂၉)နှစ်၊ ရေဝန်းတောင်ပေါ်ရပ်၊ ဆင်စုရပ် ကွက်၊ ပြည်မြို့နေသူတို့အားတွေ့ရှိရ၍ အရေးယူပေးပါရန် ရဲ စခန်းပို့အပ် တိုင်တန်းခဲ့ကြောင်း သိရသည်။


အမှုနှင့်ပတ်သက်ပြီး ပြည့်တန်ဆာအဖြစ် လုပ်ကိုင်သူ အရေးယူပေးပါရန် ရဲအုပ်ကျော်ဇင်ဦးမှ တရား လိုပြုလုပ်တိုင်တန်းခဲ့သဖြင့် မဟေမာန်ဦး၊ ဒေါ်မြခရေနှင့်ဒေါ်ဌေးအား ပြည်အမှတ်(၁)နယ်မြေရဲစခန်း (ပ)၁၄၁၄ /၂၀၁၆၊ ပြည့်တန်ဆာပပျောက်ရေး အက်ဥပဒေပုဒ်မ၃(က)ဖြင့်လည်း ကောင်း၊ မမိုးမိုး အား ပြည်အမှတ်(၁)နယ်မြေ ရဲစခန်း (ပ)၁၄၁၅/၂၀၁၆ ၊ ပြည့်တန်ဆာ ပပျောက်ရေး အက်ဥပဒေပုဒ်မ ၃(က) အရ အရေးယူခဲ့ကြောင်းသတင်းရရှိသည်။

ပြည့်သဲမောင်(ပြည်)

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ
https://www.facebook.com/pyaynews/
ပြည်မြို့ ကမ်းနားလမ်းအနီး ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်သူ အမျိုးသမီး(၄)ဦးအား အမှတ်(၁)နယ်မြေရဲစခန်းမှ ဖမ်းဆီးအရေးယူ ပြည်မြို့ ကမ်းနားလမ်းအနီး ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်သူ အမျိုးသမီး(၄)ဦးအား အမှတ်(၁)နယ်မြေရဲစခန်းမှ ဖမ်းဆီးအရေးယူ Reviewed by THITHTOOLWIN on 08:51 Rating: 5
Powered by Blogger.