![]() |
အရှိန်မထိန်းနိုင်သောယာဉ် လမ်း၏ဝဲဘက်ရှိ တံတားလက်ရန်းတိုင်အား ဝင်ရောက်တိုက်မိ |
မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် ရန်ကုန် -မန္တလေး အမြန်လမ်း မိုင်တိုင် အမှတ်(၂၆၄/၇)နှင့်(၂၆၅/ဝ)ကြားတွင် စက်တင်ဘာ ၃ ရက် နံနက် ၄ နာရီ ၄၅ မိနစ်ခန့်က ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ပေပင်လေး အမြန် လမ်းမကြီး ရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ မီးသတ် တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။
စစ်ဆေးချက်အရ နေပြည်တော်ဘက်မှ မ္တလေးဘက်သို့ ရှမ်းပြည်နယ် ရပ်စောက် မြို့နေ ဦးတင့်ဇော်ဦး(၄၁ နှစ်) မောင်းနှင်လာသော CC/----ယာဉ် သည် အရှိန်မထိန်း နိုင်ဘဲ လမ်း၏ဝဲဘက်ရှိ တံတားလက်ရန်းတိုင်ကို ဝင်ရောက်တိုက်မိခဲ့ရာ ယာဉ်ပေါ် ၌ လိုက်ပါလာသည့် တောင်ငူမြို့နယ် နဂါးမောက်ကျေးရွာနေ ဦးကံမြင့် (၄၁ နှစ်)တွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေ ရာ၌ သေဆုံးသွားခဲ့ပြီး ယာဉ်မောင်း ဦးတင့်ဇော်ဦး တွင် ဒဏ်ရာ များရရှိခဲ့ သဖြင့် ညောင်ကုန်းတိုက်နယ်ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ဦးတင့်ဇော်ဦးအား ပေပင်လေး အမြန်လမ်းမကြီး ရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ကိုရဲ
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
မိုင်တိုင် အမှတ်(၂၆၄/၇)နှင့်(၂၆၅/ဝ)ကြား ယာဉ်တိုက်မှု တစ်ဦးသေဆုံး
Reviewed by THITHTOOLWIN
on
08:55
Rating:
