တောင်တွင်းကြီးမြို့နယ်၌ ပုပ်ပွအမျိုးသမီးအလောင်းတွေ့ရှိ


တောင်တွင်းကြီး စက်တင်ဘာ ၁၈

တောင်တွင်းကြီးမြို့နယ် အောင်ခိုင်ကျေးရွာအနီး ရန်ပယ်ချောင်းနံဘေး၌ စက်တင် ဘာ ၁၆ ရက် ညပိုင်းက ပုပ်ပွအမျိုးသမီးအလောင်းတစ်လောင်း တွေ့ရှိခဲ့ကြောင်း ကုက္ကိုကုန်းနယ်မြေရဲစခန်းမှ သိရသည်။

တောင်တွင်းကြီးမြို့နယ် အောင်ခိုင်ကျေးရွာ၏အနောက်ဘက်ရှိ ရန်ပယ်ချောင်း နံဘေး သဲခုံပေါ်တွင် စက်တင်ဘာ ၁၆ ရက် ည ၈ နာရီက အမျိုးသမီးအလောင်းတစ်လောင်း တွေ့ရှိကြောင်း သတင်းအရ ကုက္ကိုကုန်းနယ်မြေရဲစခန်းမှ ရဲအုပ်အောင်မောင်းနှင့် အဖွဲ့သွားရောက်စစ်ဆေးခဲ့ပါသည်။

 သေဆုံးသူမှာ မဝါဝါခိုင်(၄၅နှစ်) ကုက္ကိုကုန်းကျေးရွာ တောင်တွင်းကြီးမြို့နယ်နေသူဖြစ်ပြီး ပုပ်ပွလျက် ပြင်ပဒဏ်ရာမရှိ ရေနစ်သေဆုံးနေ သည်ကိုတွေ့ရှိခဲ့သဖြင့် စုံစမ်းစစ်ဆေးခဲ့ရာ မဝါဝါခိုင်မှာ စက်တင်ဘာ ၁၄ ရက် ညနေ ၆ နာရီခွဲက အောင်ခိုင်ကျေးရွာ အနောက်ဘက်ရှိ ရန်ပယ်ချောင်းအား ဖြတ်ကူးစဉ် ရေစီးနှင့်မျောပါပြီး ရေနစ်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ ကုက္ကိုကုန်းနယ်မြေရဲစခန်းက အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။

ကျော်ဇေယျ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
တောင်တွင်းကြီးမြို့နယ်၌ ပုပ်ပွအမျိုးသမီးအလောင်းတွေ့ရှိ  တောင်တွင်းကြီးမြို့နယ်၌ ပုပ်ပွအမျိုးသမီးအလောင်းတွေ့ရှိ Reviewed by THITHTOOLWIN on 08:43 Rating: 5
Powered by Blogger.