အလက်ပို ကို ဆီးရီးယား စစ်တပ် က ထိုးစစ် အသစ်တခု လုပ်နေ

ဆီရီးယား က စစ်ပွဲတွေ မရပ်နိုင်ကြသေး
အလက်ပိုမြို့ထဲက သူပုန်တွေ ထိန်းချုပ်ထားရာ နေရာတွေကို ပြန်သိမ်းနိုင်ဖို့အတွက် ကြီးမားတဲ့ ထိုးစစ် အသစ် လုပ်နေပြီ လို့ ဆီးရီးယား အစိုးရ စစ်တပ်က ကြေညာလိုက်ပါတယ်။

မြို့အရှေ့ပိုင်းမှာ နေထိုင် နေကြတဲ့ ပြည်သူတွေအနေနဲ့ သူပုန်တွေ ထိန်းချုပ်ထားတဲ့ နေရာတွေ ကို ရှောင်ရှားကြဖို့ သူတို့ က သတိပေးထားပါတယ်။

ဆီးရီးယား မှာ အပစ်ရပ်စဲရေး ဘယ်လိုပြန်လုပ်ကြမလဲလို့ အမေရိကန်နဲ့ရုရှ တို့ နယူးရော့ခ်မှာ အရေးပေါ် ဆွေးနွေးနေတုန်း အခုလို ဆီးရီးယား အစိုးရ ရဲ့ ကြေညာချက် ထွက်လာတာပါ။

အခုစစ်ဆင်ရေးမှာ မြေပြင်တပ်တွေ ပါမှာလား ဆိုတာကို တော့ ဆီးရီးယား စစ်တပ်က အတိအကျ ထုတ်မပြောပါဘူး။

ပြီးခဲ့တဲ့ ၂၄ နာရီ အတွင်းမှာ တော့ လပေါင်းများစွာအတွင်း အပြင်းထန်ဆုံး လေကြောင်းတိုက်ခိုက်မှုတွေ ကို သူပုန်တွေထိန်းချုပ်ရာ အလက်ပိုမြို့ အရှေ့ပိုင်းမှာ တွေ့နေရပါတယ်။

BBC Burmese
http://www.bbc.com/burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ