ဘုရားဝန်းအတွင်းရှိ အလှူခံပုံးအတွင်းမှ အလှူငွေများ ခိုးယူသူ ဖမ်းမိ

ဘုရားဝန်းအတွင်းရှိ အလှူခံပုံးအတွင်းမှ အလှူငွေများ ခိုးယူသူအား တာဝန်သိပြည်သူများက ဖမ်းဆီး၍ ရဲစခန်းသို့ လာရောက်အပ်နှံ 
နေပြည်တော်၊ စက်တင်ဘာ ၇

၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့ နံနက် ၆ နာရီ ၄၅ မိနစ်အချိန် မန္တလေးတိုင်း ဒေသကြီး၊ တကောင်းမြို့၊ အမှတ်(၂)ရပ်ကွက်၊ လေးမျက်နှာဘုရားဝန်းအတွင်းရှိ အလှူခံပုံး အတွင်းမှ အလှူငွေများအား ခိုးယူနေသူတစ်ဦးအား ဖမ်းဆီးရမိထားကြောင်း ဘုရားဂေါပက ဦးကြည်လင်းထံ တာဝန်သိပြည်သူများက လာရောက်အကြောင်းကြား ခဲ့ပါသည်။

ဦးကြည်လင်းနှင့်အဖွဲ့က အလှူခံပုံးနေရာအား သွားရောက်စစ်ဆေးခဲ့ရာ အလှူငွေခိုးယူသူမှာ သပိတ်ကျင်းမြို့နယ်၊ မကျီးကုန်းရွာနေ မျိုးမြင့်အောင် (၃၃)နှစ်ဖြစ်ပြီး ၎င်းမှ အလှူခံပုံးမှန်အား ခဲဖြင့်ထုခွဲပြီးခိုးယူခဲ့ကြောင်း ဝန်ခံပြောကြား၍ ရဲစခန်းသို့ ခေါ်ဆောင်အပ်နှံပေးခဲ့သဖြင့် တကောင်းနယ်မြေရဲစခန်း(ပ)၃၉/၂၀၁၆၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
ဘုရားဝန်းအတွင်းရှိ အလှူခံပုံးအတွင်းမှ အလှူငွေများ ခိုးယူသူ ဖမ်းမိ  ဘုရားဝန်းအတွင်းရှိ အလှူခံပုံးအတွင်းမှ အလှူငွေများ ခိုးယူသူ ဖမ်းမိ Reviewed by THITHTOOLWIN on 19:22 Rating: 5
Powered by Blogger.