မန္တလေးမှာ အကြင်နာရိပ် အလုံပိတ်အခန်းပေါင်း ၁၇-ခန်းကို ဖမ်းဆီးလိုက်ပြီ

 မန္တလေး စည်ပင်သာယာ ရဲတပ်ဖွဲ့မှ အလုံပိတ်အခန်းများ- ဆက်လက် အရေးယူ 
စက်တင်ဘာ ၂ ။

မန္တလေးမြို့တော်စည်ပင် ရဲတပ်ဖွဲ့မှ စည်ပင်သာယာနယ်နိမိတ်အတွင်း တရားမ၀င်ဖွင့်လှစ်သည့် အလုံ ပိတ် အခန်းများကို အရေးယူလျက်ရှိရာ စက်တင်ဘာ ၂-ရက် နံနက် ၁၂-နာရီခွဲခန့်က ၆၂-လမ်း၊၁၄× ၁၅-လမ်း ကြား၊ ဒေါနာဘွားရပ်တွင် ခွင့်ပြုချက်မရှိ ဖွင့်လှစ်ထားသည့် အကြင်နာရိပ် အအေးဆိုင်အားအရေး ယူခဲ့ကြောင်း မြို့တော်စည်ပင်ရဲတပ်ဖွဲ့မှ သိရသည်။


အကြင်နာရိပ်အအေးဆိုင်တွင် အလုံပိတ်အခန်းပေါင်း ၁၇-ခန်းကို အအေးဆိုင် ဗန်းပြ ကာ ခွင့်ပြုချက်မရှိဘဲ ဖွင့်လှစ်ထားခြင်းဖြစ်သည်။

“ မြို့တော်စည်ပင် ဖေ့ဘုတ်စာမျက်နှာမှာ တင်လိုက်တော့ အလုံပိတ် ခန်းရှိ တဲ့တခြားနေရာတွေ ကော့မန့်မှာ တက်လာတယ်။အဲဒိနေရာတွေအပြင် ကျွန်တော်တို့ စုံစမ်း လို့ရရင်တဲ့ နေရာတွေမှာ အရေးယူတယ်။ အအေး ဆိုင် ဗန်းပြပြီး ခွင့်ြ့ပုချက်မရှိ အလုံပိတ်အခန်းတွေ ဖွင့်ထားတာကို အရေး ယူနေ တယ်။” ဟု မြို့တော်စည်ပင်ရဲ တပ်ဖွဲ့မှ ရဲအုပ် သဲဦးလှိုင်က ပြောသည်။


တရားမ၀င်ဖွင့်လှစ်ထားသော အလုံပိတ်တဲများဖြင့် ဖွင့်လှစ်ခြင်းကြောင့် အကြင်နာရိပ်အအေးဆိုင်လုပ် ကိုင်သူအား စည်ပင်သာယာ(အထူးတရား ရုံး)သို့ တရားစွဲဆိုတင်ပို့ခဲ့ရာ လက်ခံစစ်ဆေးပြီး စည်ပင်သာယာ ဥပဒေပုဒ်မ ၁၁၈-အရ ဒဏ်ငွေ ကျပ် လေးသိန်းတပ်ရိုက်ခဲ့ကြောင်းသိရသည်။

Mandalay News
ဓါတ်ပုံ - Mandalay City Development Committee
https://www.facebook.com/MCDCIT

မန္တလေးမှာ အကြင်နာရိပ် အလုံပိတ်အခန်းပေါင်း ၁၇-ခန်းကို ဖမ်းဆီးလိုက်ပြီ  မန္တလေးမှာ အကြင်နာရိပ် အလုံပိတ်အခန်းပေါင်း ၁၇-ခန်းကို ဖမ်းဆီးလိုက်ပြီ Reviewed by THITHTOOLWIN on 17:51 Rating: 5
Powered by Blogger.