လှိုင်သာယာ မီးခွက်ဈေးအနီး မီးလောင်မှု ဖြစ်ပွား


ရန်ကုန်တိုင်း ဒေသကြီး လှိုင်သာယာမြို့နယ် အမှတ် ၇ ရပ်ကွက် ဗိုလ်အောင်ကျော်လမ်း ပိတောက်မြိုင် မီးခွက်ဈေးအနီး 8.9.2016 စက်တင်ဘာလ(၈)ရက်နေ့ နံနက် ၀၄၄၅အချိန် မီးလောင်မှုဖြစ်ပွားခဲ့ ပါသည်။

အဆိုပါ မီးလောင်မှုအား မီးသတ်ယာဉ် ၂၅စီး ရေသယ်ယာဉ် ၅စီး ထောက်/ကူ ယာဉ် ၃စီးတို့ဖြင့် ငြိမ်းသတ်ခဲ့ရာ နံနက် ၀၅၅၀အချိန် မီးငြိမ်းခဲ့ကြောင်း သိရသည်။

 ဆုံးရူံးမှုတန်ဖိုး (၆၉၀၈၀၀၀၀)ခန့်ရှိကြောင်း၊ မီးသတ်ဝန်ထမ်းတစ်ဦး ထိခိုက်ဒဏ်ရာ( မစိုးရမ်ရ) ရရှိခဲ့ပါကြောင်း၊ မီးလောင်ရသည့် အကြောင်းရင်း စုံစမ်း စစ်ဆေးလျှက်ရှိ ပါသည်။

Ko Phyo
လှိုင်သာယာ မီးခွက်ဈေးအနီး မီးလောင်မှု ဖြစ်ပွား  လှိုင်သာယာ မီးခွက်ဈေးအနီး မီးလောင်မှု ဖြစ်ပွား Reviewed by THITHTOOLWIN on 12:16 Rating: 5
Powered by Blogger.