ဘားအံ-လှိုင်းဘွဲ ကားလမ်း ယာဉ်တိုက်မှုဖြစ် အမျိုးသမီးတစ်ဦးသေဆုံး


ဘားအံ စက် ၉

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဘားအံ-လှိုင်းဘွဲ့ ကားလမ်းတွင် စက်တင်ဘာ(၈)ရက်နေ့ မွန်းလွဲ(၂)နာရီကျော်အချိန်က ဘားအံဘက်မှ မောင်းနှင်လာသော ယာဉ်တစ်စီးမှ အရှိန်မထိန်းနိုင်၍ လမ်းဘေးစက်သက်ရပ်ထားသောဆိုင်ကယ်အား ဝင်တိုက်မိရာမှ ဆိုင်ကယ်မောင်းသူ အမျိုးသမီးမှာ အခင်းဖြစ်နေရာ၌ပင် သေဆုံးသွားခဲ့သည်။

ဖြစ်စဉ်မှာ စက်တင်ဘာ(၈)ရက်၊ မွန်းလွှဲ(၂)နာရီ(၁၅)မိနစ် အချိန်ခန့်က ဘားအံ-လှိုင်းဘွဲကားလမ်းအတိုင်း ဘားအံဘက်မှ လှိုင်းဘွဲဘက်သို့ ယာဉ်မောင်းကျော်လေး ၊ ၃၄နှစ်၊ တောင်ကလေးကျေးရွာ၊ ပေါလောက်ကျေးရွာအုပ်စု၊ ပိုင်ကျုံမြို့နယ်နေသူ မောင်းနှင်လာသော 3C/xxxx နံပါတ်တပ်၊Tigerအမျိုးအစား၊ ရွှေအိုရောင်ယာဉ်သည် ၊ မြို့ဝင်ကြေးကောက်ခံရေးဂိတ်အနီး၊ မိုင်တိုင်အမှတ်(6.2KM) အရောက် လမ်းယာဘက်ခြမ်း၌ စက်သက်ရပ်ထားသော မအေးအေးအောင်၊၂၄နှစ်၊မောင်းနှင်သည့် Dreamအမျိုးအစား၊ အပြာရောင်ဆိုင်ကယ်အား တိုက်မိရာ မအေးအေးအောင်မှာ ဦးခေါင်းနောက်စေ့ပေါက်ပြဲ ၊နှာခေါင်းသွေးထွက်၊ ယာရင်အုံပေါက်ပြဲဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ပင်သေဆုံးသွား၍ ယာဉ်မဆင်မခြင်မောင်းနှင်သူ ကျော်လေးအား လေယာဉ်ကွင်းရဲကင်းမှူး ရဲအုပ်မျိုးကျော်ညွန်မှ တရားလိုပြုလုပ်၍ ဘားအံမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်းလေယာဉ်ကွင်းရဲကင်းမှသိရသည်။

မင်းသူ(ဘားအံ)
ဘားအံသတင်း
https://www.facebook.com/Hpaannews.kayin
ဘားအံ-လှိုင်းဘွဲ ကားလမ်း ယာဉ်တိုက်မှုဖြစ် အမျိုးသမီးတစ်ဦးသေဆုံး  ဘားအံ-လှိုင်းဘွဲ ကားလမ်း ယာဉ်တိုက်မှုဖြစ် အမျိုးသမီးတစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 04:45 Rating: 5
Powered by Blogger.