အခေါက်ရွှေတစ်ကျပ်သား ကိုးသိန်းနီးပါးခန့်ထိ စံချိန်တင်မြင့်တက် ၊ တက်ဈေးနဲ့ပဲ ၀ယ်ယူသူများပြား


ငွေကြေးဈေးကွက်မှာ ဒေါ်လာငွေလဲနှုန်း မြင့်တက်နေတဲ့အတွက် အခုတစ်ပတ် အတွင်းရွှေဈေးဟာ အခေါက်ရွှေ တစ်ကျပ်သားကို ကိုးသိန်းနီးပါးခန့် စံချိန်တင် မြင့်တက်ခဲ့တယ်လို့ ရွှေလုပ်ငန်းရှင်တွေက သုံးသပ်ပြောဆိုကြပါ တယ်။

 ဈေးတက်နေပေမယ့် ဈေးကွက်အတွင်းရွှေကို တက်ဈေး နဲ့ပဲ ၀ယ်ယူသူများနေတယ်လို့ ရန်ကုန်အောင်သမာဓိရွှေဆိုင်ရဲ့ အရောင်း တာဝန်ခံ ကိုမျိုးမျိုးအောင်က ပြောပါတယ်။

 ဒါ့အပြင် ပြည်တွင်းဘဏ်တွေမှာ အတိုးနှုန်းနဲ့ပတ်သက်တဲ့ မူဝါဒအပြောင်းအလဲသတင်းတွေဖြစ်ပေါ်နေတဲ့ အတွက်လည်း ရွှေဝယ်ယူမှုပိုများလာတယ်လို့ သူကသုံးသပ်ပြောဆိုပါတယ်။

ပြည်တွင်းရွှေဈေးနှုန်းဟာ ကမ္ဘာ့ရွှေဈေးနဲ့ အမေရိကန်ဒေါ်လာဈေး အတက်အကျတို့အပေါ်မူတည်ပြီး ဈေးနှုန်းအတက်အကျဖြစ်ပေါ်တာဖြစ်ပါတယ်။

လက်ရှိမှာကမ္ဘာရွှေဈေးနှုန်းငြိမ်နေပေမယ့်လည်း ပြည်တွင်းမှာဒေါ်လာငွေ လဲနှုန်းမြင့်တက်နေတဲ့အတွက် ပြည်တွင်းရွှေဈေးဟာ ဈေးနှုန်းအတက်ပိုင်းကို ဦးတည်နေတယ်လို့သိရပါတယ်။

5 Plus News
https://www.facebook.com/5plusnews

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ