မုံရွာစက်မှုဇုန်ရှိ ချည်ထည်စက်ရုံတစ်လုံး မီးလောင်ခဲ့ရာ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး အသက်ရှုကြပ်၍ သတိမေ့


မုံရွာ၊ စက်တင်ဘာ ၂

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ စက်မှုဇုန်ရပ်ကွက်၊ နယ်မြေအမှတ်(၅)၊ လမ်းအမှတ်(၃၉)ရှိ ချည်ထည်စက်ရုံတစ်လုံးမှာ စက်တင်ဘာ ၁ ရက်နေ့ည ၉ နာရီ ၂၂ မိနစ်အချိန်က ဂွမ်းဖတ်စက်လည်ပတ်နေစဉ် ဂွမ်းထည်စအတွင်း ကျောက်ခဲညှပ်၍ ပါသွားခဲ့ရာ ယင်းကျောက်ခဲအား ဂွမ်းဖတ်ကြိတ်လုံးဖြင့် ထိခိုက်မိပြီး ထိုမှတဆင့် မီးဖြစ်ပေါ်ကာ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟု စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမင်းစမ်းအေး မှ အတည်ပြုမှတ်တမ်းများ ရယူထားသည်။


အဆိုပါ မီးလောင်မှုဖြစ်ပွားသည့်နေရာသို့ မီးငြိမ်းသတ်ယာဉ်(၁၂)စီး၊ ရေသယ်ယာဉ်(၁၁)စီး၊ ကွက်ကဲရေးယာဉ်(၁)စီး၊ မီးသတ်တပ်ဖွဲ့ဝင် (၁၀၀)၊ဦး၊ ရဲတပ်ဖွဲ့ဝင်(၇၀)ဦးနှင့် ဒေသခံပြည်သူ (၁၀၀)ဦးတို့မှ ၀ိုင်းဝန်းငြိမ်းသတ်ခဲ့ရာ ည ၉ နာရီ ၄၅ မိနစ်အချိန်တွင် မီးညွှန့်ကျိုးပြီးနောက် မိနစ်ပိုင်းအတွင်း အပြီးသတ် ငြိမ်းသတ်နိုင်ခဲ့သည်။

ထိုသို့ မီးငြိမ်းသတ်နေစဉ် အရံမီးသတ်တပ်ဖွဲ့ဝင်တစ်ဦးမှာ ဂွမ်းစများလောင်ကျွမ်းနေသည့် စက်ရုံအတွင်းသို့ မီးငြိမ်းသတ်ရန် ရုတ်တရက်ဝင်ရောက်စဉ် မီးခခိုးလှုံးများ ပိတ်ဆို့ပြီးနောက် ၎င်းနေရာတွင် သတ်မေ့သွားခဲံသည်။ ထို့ကြောင့် မီးလောင်မှုဖြစ်ပွားသည့်နေရာသို့ ကူညီပေးရန် အသင့်ရောက်ရှိနေသည် လူမှုကူညီရေး အသင်းယာဉ်ဖြင့် မုံရွာဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။

သတင်း + ဓာတ်ပုံ = ကိုတိုးကြီး
https://www.facebook.com/KoToeChinDween
မုံရွာစက်မှုဇုန်ရှိ ချည်ထည်စက်ရုံတစ်လုံး မီးလောင်ခဲ့ရာ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး အသက်ရှုကြပ်၍ သတိမေ့   မုံရွာစက်မှုဇုန်ရှိ ချည်ထည်စက်ရုံတစ်လုံး မီးလောင်ခဲ့ရာ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး အသက်ရှုကြပ်၍ သတိမေ့ Reviewed by THITHTOOLWIN on 04:26 Rating: 5
Powered by Blogger.