စက်တင်ဘာလ ၂၃ ရက် ၂၀၁၆
စစ်တပ်မှသိမ်းယူထားသော သချိုင်းမြေအပါအ၀င် တပ်သိမ်းမြေဧကေ ထာင်ချီပြန်ရရေးအတွက် မိုးဗြဲဒေသခံ များမှာ စက်တင်ဘာလ(၂၃)ရက်နေ့  မနက်ပိုင်းက မိုးဗြဲနှင့် ဖယ်ခုံတို့တွင် လှည့်လည်ဆန္ဒပြခဲ့သည်။
သျှမ်းပြည်နယ် (တောင်ပိုင်း) ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့အတွင်း ရှိ ထောင်နှင့်ချီသည့် ဒေသခံများ၏ မြေများကို ပြန်လည်ပေးအပ်ရန် စက်တင်ဘာလ ၂၃ ရက်နေ့ နံနက်ပိုင်းက ကယန်း ၊ အင်း ၊ သျှမ်းစသည့် တိုင်းရင်းသားများက ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။
ဒေသခံများမှာ မိုးဗြဲမြို့အတွင်းမှ မိုးဗြဲမြို့အထွက်ရှိ တပ်ရင်း ခမရ ၄၂၂ ရှေ့သို့ လည်းကောင်း ၊ ယင်းမှတဆင့် မိုးဗြဲကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးရှေ့သို့ ချီတက်ကာ ဆန္ဒပြခဲ့ကြသည်။
“စစ်တပ်က သိမ်းယူထားတာ ကြာပြီ။ အခုက တတိယအကြိမ် ဆန္ဒပြတာေ ပါ့။ ဒေသခံတွေ မြေသိမ်းခံရ တဲ့အတွက် စိုက်ပျိုးစရာမရှိပဲ ဒုက္ခရောက်တ ယ်။၂၀၁၅ ခုနှစ်က ဒုတိယအကြိမ် ဆန္ဒပြခဲ့ပြီးနောက်မှာ ကာကွယ်ရေး ၀န်ကြီး ဌါနက ပြန်ပေးပေမဲ့ ၄၂၂ တပ်ရင်းက တပ်ပိုင်မြေဆိုပြီး ထပ်မံ သတ် မှတ် တယ်။ ပြည်သူလူထုတောင်းဆိုမှုကို အခုထိဖြေရှင်းေ ပးခြင်းမရှိ ပါဘူး” ဟု ဖယ်ခုံမြို့နယ် ဒေသခံ ကိုကျော်ထင်အောင်က ပြောသည်။
မိုးဗြဲဒေသတွင် ၁၉၉၃ ခုနှစ်မှ စတင်ကာ မိုးဗြဲရေကာတာ လုံခြုံရေးရယူသည့် တပ်စီမံကိန်းအတွက်ဟုဆိုကာ ဒေသခံများထံမှ မြေဧက ၁၅၀၀ ကို သိမ်းယူခဲ့ သည်။ ထိုနောက်ပိုင်းကာလများတွင်လည်း တဖြည်းဖြည်း ဆက်လက်သိမ်း ယူခဲ့ရာ မြေဧက ၂၀၀၀ ကျော်အထိ သိမ်းယူခဲ့သည်။ နောက်ဆုံး အကြိမ် မြေ တိုင်းတာ သိမ်းယူမှုတွင် သင်္ချိုင်းမြေများပါ ပါဝင်သွားခဲ့ခြင်းဖြစ်ကာ လူနေအိမ်အချို့လည်း ပါဝင်ခဲ့ပါသည်။
သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်တွင် အသုံးမပြုသည့် မြေများ ကို ပြန် လည်ပေးအပ်ရန် ဒေသခံများက တောင်းဆိုခဲ့သော်လည်း ပြန်လည်ပေးအပ်ခြင်း မရှိသောကြောင့် ဆန္ဒပြပွဲများ ပေါ်ပေါက်ခဲ့သည်။ ယခု အစိုးရသစ်လက် ထက်တွင် ပြုလုပ်သည့် ဆန္ဒပြပွဲမှာ ဒေသခံများ၏ တတိယအကြိမ်မြောက် ဆန္ဒပြပွဲဖြစ်လာသည်။
“အခုဒီမိုကရေစီ အစိုးရလက်ထက်မှာ မြေတွေကိုဘယ်လို ပဲဖြစ်ဖြစ် ပြန်ပေး သင့်တယ်။ မြေတွေကလည်း ဘာမှ မသုံးပဲ အများကြီး ပိုနေတယ်။” ဟု ကယန်းအမျိုးသားပါတီမှ ဥက္ကဌ ခွန်းဘီထူးက ၄င်း၏ အမြင်ကို သျှမ်းသံတော် ဆင့်သို့ ပြောဆိုသည်။
ဓါတ်ပုံ- မိုးဗြဲအတွင်း ပြုလုပ်သည့် လယ်ယာမြေပြန်လည်ရရှိရေး ဆန္ဒပြတောင်းဆိုစဉ်
သျှမ်းသံတော်ဆင့်၊ စိုင်းအောင်ဆိုင်း
Panglong(Burmese)
https://www.facebook.com/Panglong.burmese/
တပ်သိမ်းမြေ ဧကထောင်ချီပြန်ရရေး မိုးဗြဲဒေသခံများ စစ်တပ်ရှေ့တွင် ဆန္ဒပြ
Reviewed by THITHTOOLWIN
on
04:48
Rating:
