ဗဟန်းမြို့နယ်မှာ စက်ဘီးခိုးယူမှုဖြစ်ပွားခဲ့ ပတ်ဝန်းကျင်က ဖမ်းဆီးနိုင်ခဲ့


ဗဟန်းမြို့နယ် ကျိုက္ကစံရပ်ကွက် နီလာလမ်းမှာ စက်တင်ဘာလ (၁၃)ရက် ည (၉)နာရီဝန်းကျင်က စက်ဘီးခိုးမှုဖြစ်ပွားခဲ့ပါတယ်။

 ဖြစ်စဉ်ကတော့ လက်ဖက်ရည်ဆိုင်ရှေ့မှာ ရပ်ထားတဲ့စက်ဘီးကို လူတစ်ဦးက ရုတ်တရတ် စီးယူထွက်ပြေးခဲ့ရာ ပတ်ဝန်းကျင်ကတွေ့ပြီး လိုက်လံဖမ်းဆီးခဲ့ရာ ကားတွေနဲ့ပိတ်မိတဲ့အတွက် ဖမ်းမိခဲ့ပါတယ်။

 တရားခံကတော့ ဗဟန်းမြို့နယ် ဆရာစံတောင်ရပ်ကွက်မှာနေပြီး TV ပြင်တဲ့လုပ်ငန်းလုပ်ကိုင်သူ ဖြစ်တယ်လို့သိရပါတယ်။

 ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တရားခံကို ဗဟန်းမြို့မရဲစခန်းက ဖမ်းဆီးပြီး ဥပဒေအရဆောင်ရွက်နေတယ်လို့သိရပါတယ်။

5 Plus News
https://www.facebook.com/5plusnews
ဗဟန်းမြို့နယ်မှာ စက်ဘီးခိုးယူမှုဖြစ်ပွားခဲ့ ပတ်ဝန်းကျင်က ဖမ်းဆီးနိုင်ခဲ့  ဗဟန်းမြို့နယ်မှာ စက်ဘီးခိုးယူမှုဖြစ်ပွားခဲ့ ပတ်ဝန်းကျင်က ဖမ်းဆီးနိုင်ခဲ့ Reviewed by THITHTOOLWIN on 22:56 Rating: 5
Powered by Blogger.