![]() |
အလက်ပိုမြို့မှာ ဒဏ်ရာ ရတဲ့ ကလေးငယ်ကို သယ်ဆောင်စဉ် (Credit: Reuters) |
ဆီးရီးယား အစိုးရကတော့ သူပုန်တွေ သိမ်းပိုက်ထားတဲ့ အလက်ပိုမြို့ဘက်ကို ထိုးစစ်ဆင်မှုတွေ လုပ်မယ်လို့ ပြောတဲ့အတိုင်း ဆက်တိုက်ဆိုသလို ဗုံးကျဲတိုက်ခိုက်မှုတွေ လုပ်နေပြီ ဖြစ်ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကတော့ ရုရှားနိုင်ငံခြားရေး ဝန်ကြီး Sergie Lavrov နဲ့ နောက်တစ်ကြိမ် တွေ့ဆုံပြီး အပစ်အခတ် ပြန်လည်ရပ်စဲနိုင်ဖို့ ကိစ္စ ပြန်ဆွေးနွေးလိုတယ်လို့ ပြောပါတယ်။
ရုရှား အစိုးရဘက်ကတော့ ဒီကိစ္စမှာ ဆီးရီးယား သူပုန်တွေဘက်ကလည်း အတိုးအလျှော့တွေ လုပ်မှ ရမယ်လို့ ပြောလိုက်ပါတယ်။
ကုလသမဂ္ဂကတော့ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ ပြန်လည် လုပ်ကိုင်နေပြီး သူပုန်တွေ သိမ်းပိုက်ထားတဲ့ Damascus မြို့ပြင်တွေမှာ လူပေါင်း လေးသောင်းအတွက် ကူညီကယ်ဆယ်ရေးတွေ ပေးပို့နိုင်ခဲ့ပါတယ်။
ဒါပေမယ့် အလက်ပိုမြို့ထဲကိုတော့ ဝင်ခွင့်မရသေးပဲ အဲဒီမှာ သိန်းနဲ့ချီတဲ့ လူတွေ အရေးပေါ် အကူအညီလိုအပ်နေတာ ဖြစ်ပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
ဆီးရီးယား အပစ်ရပ်ရေး ပျက်ပြယ်
Reviewed by THITHTOOLWIN
on
16:29
Rating:
