ရန်ကုန်၊ စက်တင်ဘာ ၁၄။
ဆောက်လုပ်မပြီးသေးသဖြင့် နိုင်ငံတော်သို့ အပ်နှံခြင်း မရှိသေးသော်လည်း ပျက်ဆီးမှုများ ဖြစ်ပေါ်နေသည့် ကျေးလက်ကျန်းမာရေးဌာနများနှင့် ပက်သက်၍ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သို့ တင်သွင်းမေးမြန်းသွားမည်ဖြစ်ကြောင်း ခရမ်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ် အမှတ်(၂)မှ ဦးသိန်းဇော်လတ်က ပြောသည်။
ခရမ်းမြို့နယ်ရှိ ကျေးရွာ ၁၉ရွာတွင် ဆောက်လုပ်ထားသော ကျေးလက်ကျန်းမာရေးဌာန ၁၉ခုမှာ ပြီးစီးမှု ၇၅ရာခိုင်နှုန်းသာ ရှိသေးသော်လည်း လက်ရှိအချိန်တွင် ခေါင်မိုးမှမိုးယိုခြင်း၊တံခါးများ ပျက်စီးနေခြင်း၊နံရံရှိ သုတ်ဆေးများကွာ ကြခြင်းနှင့် အဆောက်အဦးရှိအချို့နေရာများ ပျက်ဆီးနေခြင်း တို့ ဖြစ်ပေါ်နေကြောင်း သိရသည်။
''အခု ပျက်ဆီးနေတယ်ဆိုတဲ့ ကျန်းမာရေးဌာနတွေက ၂၀၁၄-၂၀၁၅ ခုနှစ်ဘက်ဂျက်နဲ့ ဆောက်လုပ်ခွင့်ရခဲ့တာတွေ အခုထိ ရာနှုန်းပြည့် မပြီးသေးလို့ နိုင်ငံတော်ကိုလည်း မအပ်ရသေးဘူး၊ ဒါပေမဲ့ အဆောက်အဦးက ပျက်ဆီးနေပြီ ဘာကြောင့် ဒီလိုမျိုး ပျက်စီးနေတာလည်း ဆိုတာ လွှတ်တော်ကို မေးမယ်၊ဒီလိုပျက်ဆီးမှု အပေါ် အစိုးရအဖွဲ့ အနေနဲ့ ဘယ်လို စစ်ဆေးဆောင်ရွက်မလဲဆိုတာသိချင်တဲ့ အတွက် မေးဖို့စီစဉ်တာပါ''ဟု ခရမ်းမြို့နယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်လတ်က ပြောသည်။
အဆိုပါ ကျေးလက်ကျန်းမာရေး ဌာနများကို (Set contict)များဖြင့် ဆောက်လုပ်ခဲ့ခြင်း ဖြစ်က ကျပ် သိန်း၂၅၀မှ ကျပ်သိန်း၃၀၀အထိဘက်ဂျက် ကုန်ကျခဲ့ကြောင်း သိရသည်။
ယခုအကြောင်းရာနှင့် ပက်သက် ၍ စက်တင်ဘာလ၂၉ရက်တွင် စတင်မည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယအကြိမ်မြောက် ပုံမှန် အစည်းအဝေးတွင် မေးခွန်းအဖြစ်တင်သွင်းမည်ဖြစ်ကြောင်း သိရသည်။
ဟံသာဟိန်း
Central News Myanmar
https://www.facebook.com/CNMyanmar
ဆောက်လုပ်မှုမပြီးခင် ပျက်ဆီးနေသည့် ကျေးလက်ကျန်းမာရေးဌာနများကိစ္စ လွှတ်တော်သို့ တင်မည်
Reviewed by THITHTOOLWIN
on
16:16
Rating:
