ထိုင်းနိုင်ငံက အကြီးဆုံး ဆိုးဆေးစက်ရုံကြီးမီးလောင်


Breaking news on 17-9-2016

ထိုင်းနိုင်ငံ စမုပကမ်ခရိုင် ဘန့် ပီမြို့ နယ်က သင်္ဘောဆေး ထုတ်လုပ်နေတဲ့ အကြီးဆုံး စက်ရုံကြီး UR Chemical .co.ltd အတွင်း စက်တင်ဘာလ(၁၇)ရက်နေ့ ယနေ့ ညနေ လေးနာရီက စတင်မီးလောင်နေရာမှာ ည၇နာရီကျော်တဲ့အထိ မီးငြိမ်းသတ်နေရကြောင်း သိရပါတယ်။


စက်ရုံတွင်းမှာ အလွယ်တကူပေါက်ကွဲစေနိုင်တဲ့ မီးဖိုတွေ ဓါတ်ငွေ့ အရည် (ဂါလံပေါင်း နှစ်သိန်း) တွေ သိုလှောင်ထားတာကြောင့် ဆက်တိုက်မီးလောင်ပေါက်ကွဲ မှုတွေ ဖြစ်နေခဲ့ပါတယ်။


ဆယ်ဧကကျယ်ဝန်းတဲ့ မြေနေရာမှာ တည်ဆောက်ထားတဲ့ ကုန်လှောင်ရုံကြီးတွေ ထက်ဝက်လောက်မီးလောင်ခဲ့ပြီး ဆုံရုံးမှု တန်ဘိုး ဘတ်ငွေ သန်း (၅၀၀)ကျော်တယ်လို့  သတင်းတွေ မှာ ဖေါ်ပြနေပါတယ်။

စက်ရုံတွင်းကအလုပ်သမားတွေ ကိုအချိန်မှီ ရွေ့ ပြောင်းပြေးနိုင်ခဲ့ပြီး (၃)ဦးသာ ဒဏ်ရာ ရခဲ့ကြောင်း သိရပါတယ်။

Social Action for Women - SAW

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ