၁၃-၉-၂၀၁၆
ထိုင်းနိုင်ငံ နကောစီဌာမရ ပြည်နယ်က ChokchaiSamakkee ချော့ ချိုင်းစမာခုံ အထက်တန်းကျောင်း မှာ ပညာသင်ကြားနေသူ အသက် (၁၇) နှစ် အထက် တန်းကျောင်းသူလေးကို ဆရာတစ်ဦးက ကြွေ ခွက်နဲ့  ပစ်ပေါက်ဆုံးမခဲ့လို့  သူမ ရဲ့  မျက်ခုံးကို ထိမှန်သွားခဲ့ပြီးတဲ့နောက် အကြောတွေ ဆွဲသွားခဲ့ကြောင်း
မိခင်ဖြစ်သူက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ကိုယ်ကာရ လေ့ကျင့်ခန်း အချိန် နေပူထဲမှာ ထိုင်နေရလို့  မတ်တတ်ရပ်ခဲ့ တာကို ဆရာက (ပျား-မ ဖေါ်ပြမထား)က ကြွေခွတ်နဲ့  ပစ်ပေါက်ခဲ့တာလို့ သိရပါတယ်၊ သူမဟာ မျက်ခုံးဒဏ်ရာနဲ့  အိမ်ပြန်လာခဲ့တာကို မိဘတွေကို မပြောခဲ့ဘဲ နောက်တနေ့ မှာ သူမပါးစပ်အကြောဆွဲသွားခဲ့ပါတယ်။
နောက်ပိုင်း မိဘတွေ သိသွားလို့  ဆေးရုံတင်ပြီး ခွဲစိတ် ကုသစရိတ် ဘတ်ငွေ (၄)သိန်း( ကျပ်သိန်း ၁၂၀ )ကုန်ကျခဲ့တာကို တရားခံ ဆရာက ဘတ်ငွေ (၈) သောင်း (ကျပ် ၂၄သိန်း )သာ ပေးခဲ့ပါတယ် ။
ယခုဖြစ်ရပ်မှာကျောင်းအာဏာပိုင်တွေက တာဝန်မယူသလို ရဲတွေကလည်း ဘာမှ အရေးယူမပေးတာကြောင့် မိခင်ဖြစ်သူက သတင်း မီဒီယာတွေကို ဖွင့်ပြောခဲ့ပြီး သူ့ သမီးရဲ့  မျက်နှာ ပုံမှန်ပြန်ဖြစ်သွားအောင် ကျောင်းအာဏာပိုင်တွေက တာဝန်ယူကုသပေးဘို့ တောင်းဆိုခဲ့ပါတယ်။
(SAW)
Kapook .com
Social Action for Women - SAW
ဆရာက ကြွေခွက်နဲ့  ပစ်ပေါက်လို့  အာရုံကြောထိပြီး အကြောဆွဲ သွားခဲ့တဲ့ ကျောင်းသူ
Reviewed by THITHTOOLWIN
on
18:14
Rating:
