ဒုက္ခသည်မကျ ၊ ရွေ့ပြောင်းမကျ ဘ၀ဖြင့် သျှမ်းမြောက်စစ်ရှောင်များ အကူအညီလိုအပ်

ဓါတ်ပုံ - စစ်ရှောင်သူများဌားနေရသောအိမ်ခန်း
စက်တင်ဘာ ၂၀ ရက် ၂၀၁၆

ကျောက်မဲမြို့တွင် စစ်ဘေးရှောင်အဖြစ် ခိုလှုံနေကြရသူများသည် လက်ရှိအခြေအနေတွင် စစ်ဘေး ရှောင်ဒုက္ခသည် မကျ၊ ရွေ့ပြောင်း အလုပ်သမား မကျဘ၀ဖြင့် နေထိုင်နေကြရပြီး စားဝတ်နေ ရေး အခက်အခဲနှင့် ရင်ဆိုင်နေရသည်ဟု တော့ဆန်ကျေးရွာမှ စစ်ရှောင်ေ ဒသခံ ဒေါ်နန်းခမ်းမြ က ပြော သည် ။

သျှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ကျောက်မဲမြို့နယ်အတွင်း ၂၀၁၅ - ၂၀၁၆ က အစိုးရ တပ်မတော်နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည် တပ်မတော်(RCSS/SSA) တို့အကြား ၊ အစိုးရ တပ်မတော်နှင့် တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) အကြား ၊ တအာင်း TNLA နှင့် RCSS/SSA တို့အကြား ဖြစ်ပွါးခဲ့သော တိုက်ပွဲများကြောင့် စစ်ဒဏ်ထိ လူထုမှာ ကျောက်မဲမြို့ပေါ်သို့ ရောက်ရှိခိုလှုံခဲ့ကြသည်မှာ ယနေ့တိုင် နေရပ် မပြန်နိုင်သေးသူများ ရှိနေပါသည်။

၎င်းစစ်ရှောင်အများစုသည် မိသားစုအလိုက် ကျောက်မဲမြို့ ရပ်ကွက် (၈) နှင့် ရပ်ကွက် ( ၉) တို့တွင် အိမ်လခ တစ်လ ကျပ်နှစ်သောင်းမှ လေးသောင်း အထိပေး၍ အိမ်ငှားနေကြရပြီး ကြုံရာကျပန်း လုပ် ကိုင် စားသောက် နေ ရခြင်းကြောင့် စားဝတ်နေရေးကျပ်တည်းမှုနှင့် ရင်ဆိုင်နေကြ ရသည် ဟု စစ် ဘေးရှောင်သူများက ဆိုကြသည်။

ကျောက်မဲမြို့ (၉) ရပ်ကွက်တွင် အိမ်ခန်းငှားရမ်းနေထိုင်လျှက်ရှိသော စစ်ဘေးရှောင်တဦးဖြစ်သည့် ဒေါ်နန်းခမ်းမြက" တော့ဆန်မှာရှိတဲ့ အိမ်က လဲမီးလောင်သွားတော့ ပြန်စရာအိမ်လည်းမရှိတော့ ဒီမှာ ကကြုံ ရာ ပဲပုတ်ရောင်းတယ်။ တစ်ရက်လုပ် တစ်ရက်စားပဲ၊ တော့ဆန်ကို ပြန်လည်းပြန် ချင်တယ် ပြန်လည်း မပြန်ရဲဘူး "ဟု ပြောသည်။

၎င်းတို့မိသားစုတွင် စတုတ္ထတန်းတက်ရောက်နေေ သာ ကျောင်းသားရှိ သည့်အပြင် အဆုတ် ရောဂါသည် အမျိုးသားကိုလည်း ဆေးကုနေရပြီး တစ်နေ့ ပဲပုတ်ရောင်းရငွေ ကျပ် ၅၀၀၀ ဖြင့် အိမ်လ ခ၊ကျောင်းသားစရိတ်၊စားဝတ်နေေ ရးနှင့် ကျန်းမားရေးစရိတ်အတွက် ခက်ခက်ခဲခဲရင်ဆိုင်ရုန်းကန် နေရသည်ဟု ၄င်းက ဆိုသည်။

၂၀၁၆ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်မှစ၍ နေရပ်စွန့်ခွာထွက်ပြေးလာေ သာ ကျောက် မဲဒေသ တွင်းမှ စစ်ရှောင်ပြည်သူများအား စစ်ဘေးရှောင်ကာ စတွင် ကူညီထောက်ပံ့သည့်အဖွဲ့အစည်းများရှိခဲ့ သော်လည်း စစ်ရှောင်ပြည် သူများ နေရပ်ပြန်သွားသည့် သတင်းကြောင့် အထောက်အပံ့များရပ်ဆိုင်း သွားခဲ့ခြင်းဖြစ်ကြောင့် အကူအညီများလိုအပ်နေသည်ဟု သမ ရက္ခိတစေတနာရှင်များအဖွဲ့ ကိုကျော် သိန်းထံမှ သိရသည် ။

" အခုနောက်ပိုင်း စစ်ရှောင်တွေနေရပ်ပြန်သွားပြီ သတင်းတွေကြားတယ်။ ဒါပေ့မယ် စစ် ရှောင်တွေက ရှိသေးတယ်။တချို့လူတွေက မြင်တာတော့ စစ်ဘေးရှောင်တွေ မရှိတော့ဘူး။ တ ကယ်တော့ စစ်ဘေးရှောင်တွေက မထင်မရှားနဲ့ ရှိနေတုန်းပါပဲ " ၄င်းက ပြောသည် ။

ထို့ပြင် ကျောက်မဲမြို့ ၊ မဲဆန္ဒနယ်အမှတ် (၂) ၊ ပြည်နယ်လွှတ်တော်ကိုယ် စားလှယ်ဦးစိုင်းထွန်း ဥာဏ် က စစ်ဘေးရှောင်ဒုက္ခသည်စခန်းများ ရှိမေ နခြင်းနှင့် စစ်ဘေးေ ရှာင်သူများသည် ကျောက်မဲမြို့ ပေါ်တွင် နေထိုင်ပြီး တချို့မှာ အိမ်နီးချင်းနိုင်ငံများသို့ သွားရောက်လုပ်ကိုင်သည့် သူများရှိသည့် အ တွက် ၄င်းတို့ကို စစ်ဘေးရှောင်လား၊ရွှေ့ပြောင်းဒုက္ခသည်လားဆိုသည်ကို သတ်မှတ်ရန်ခက်ခဲ ကြောင်းလည်း ပြောသည်။

စစ်ဘေးရှောင်သူများနှင့် ပတ်သက်၍ ဂရုဏာရေအလှူရှင်လူငယ်အဖွဲ့ ဥက္ကဌ ကိုအောင်ထိုက် က၏ အဆိုအရ ၄င်းတို့သည့် ရွှေ့ပြောင်းလာခြ င်းကြော င့် ကျောက်မဲမြို့ပေါ်မှ အလုပ်ရှင်များက ၄င်း တို့၏ နောက်ကြောင်းကို မသိနိုင်သည့်အတွက် အလုပ်မပေးသည့်အတွက် စစ်ရှောင်သူများ(သို့မ ဟုတ်) ရွှေ့ပြောင်းဒုက္ခသည်များသည် အလုပ်အကိုင်အခွင့်အလမ်းအတွက် အခက်အခဲများရှိနေ သည်ဟုလည်း သိရသည်။

ကျောက်မဲမြို့ပေါ် ရှိ အောင်ဆုပန်ဘုန်းတော်ကြီးကျောင်း၊ ကျား ၅ ကောင်ဆေးတိုက် နှင့်မေတ္တာ အိုးဝေ တာ့ဆန်အခမဲ့ကျောင်းတွင် စစ်ရှောင်ကျောင်းသူ / သားများနေထိုင်ပြီး လူဦးရေ (၁၀၇၃ )ဦးမှာ (၉)ရပ်ကွက် နှင့် (၈) ရပ်ကွက်တို့တွင် အိမ်ခန်းများအဖြစ် ငှားရမ်းနေ ထိုင်လျှက်ရှိသည်။

သျှမ်းသံတော်ဆင့်/ ယိင်းတိုင်း
Panglong(Burmese)
https://www.facebook.com/Panglong.burmese
ဒုက္ခသည်မကျ ၊ ရွေ့ပြောင်းမကျ ဘ၀ဖြင့် သျှမ်းမြောက်စစ်ရှောင်များ အကူအညီလိုအပ်  ဒုက္ခသည်မကျ ၊ ရွေ့ပြောင်းမကျ ဘ၀ဖြင့် သျှမ်းမြောက်စစ်ရှောင်များ အကူအညီလိုအပ် Reviewed by THITHTOOLWIN on 05:13 Rating: 5
Powered by Blogger.