သရုပ်ဆောင် မိုးအောင်ရင်ကို ပုဇွန်တောင်မြို့နယ်တရားရုံးတွင် ရုံးထုတ်


မူးယစ်ဆေးသုံးစွဲမှုနှင့် လက်ဝယ်ထားရှိမှု မူး/စိတ်ပုဒ်မ ၁၅/၁၆(ဂ) ဖြင့် ဖမ်းဆီးခံထားသည့် သရုပ်ဆောင် မိုးအောင်ရင်ကို ယနေ့(စက်တင်ဘာ ၁၂ ရက်)တွင် ပုဇွန်တောင်မြို့နယ် တရားရုံး၌ရုံးထုတ်ခဲ့သည်။ ယနေ့တွင် ဒုတိအကြိမ်ချုပ်ရက် ရမန် ယူခြင်းဖြစ်ကြောင်း သိရပြီး ပထမအကြိမ် ရမန်ကို သြဂုတ် ၂၉ ရက်နေ့ကယူခဲ့ခြင်း ဖြစ်သည်။


ရုပ်ရှင်သရုပ်ဆောင် မိုးအောင်ရင်နေထိုင်သည့် တာမွေလေးရပ်ကွက်၊ လေးထောင့်ကန်လမ်း N-N7 အခန်းအမှတ် ၁၀၁ ကို မူးယစ်အထူးတပ်ဖွဲ့ဝင်များက ၀င်ရောက်ရှာဖွေရာ မူးယစ်ဆေးဝါးအသုံးပြုရာတွင် ၎င်း၏သူငယ်ချင်းများဖြစ်သော အုန်းမြင့်အောင်ခေါ် ဒေးဗစ်(၂၃ နှစ်)၊ လူလူသန်းဦး(၃၀ နှစ်)တို့အား အသုံးပြုသည့်
ဆက်စပ်ပစ္စည်းများ၊ ဆေးခြောက်ဟုယူဆရသော ပစ္စည်းများဖြင့် ဖမ်းဆီးရမိခဲ့သည်။


မိုးအောင်ရင်၏ကုတင်အောက်မှလည်း ဆေးခြောက်ဟုယူဆရသည့် အရွက်၊ အရိုး၊ အစေ့ပါအရွက်ခြောက်များ ရှာဖွေတွေ့ရှိခဲ့သည်။ မိုးအောင်ရင်အား ပုဇွန်တောင်မြို့နယ်ရှိ ၎င်း၏အမျိုးသမီးမိတ်ဆွေနေအိမ်ဖြစ်သော ပုဇွန်တောင် (၂) ရပ်ကွက် နေကြာ/သာယာကုန်းလမ်း တိုက် ၃၆၊ ၆ လွှာ(ယာ)၌ အဖြူရောင်ပလက် စတစ်အိတ်ဖြင့်ထည့်ထားသော ICE ဟု ယူဆရသော အကြည်ရောင်အမှုန့် ၁ ဂရမ်ခန့်ဖြင့် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

လင်းလင်းအောင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

သရုပ်ဆောင် မိုးအောင်ရင်ကို ပုဇွန်တောင်မြို့နယ်တရားရုံးတွင် ရုံးထုတ် သရုပ်ဆောင် မိုးအောင်ရင်ကို ပုဇွန်တောင်မြို့နယ်တရားရုံးတွင် ရုံးထုတ် Reviewed by THITHTOOLWIN on 18:47 Rating: 5
Powered by Blogger.