![]() |
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန် ကယ်ရီ နဲ့ ရုရှ နိုင်ငံခြားရေး ဆာဂေး လဗ်ရော့ခ် တို့က အစီအစဉ် သစ်ကို သဘောတူ |
ဂျနီဗာ မြို့မှာ ကျင်းပနေတဲ့ ဆီးရီးယား အရေး ဆွေးနွေး ပွဲမှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန် ကယ်ရီ နဲ့ ရုရှ နိုင်ငံခြားရေး ဆာဂေး လဗ်ရော့ခ် တို့က အစီအစဉ် သစ်ကို သဘောတူခဲ့ကြတာပါ။
အစီအစဉ်ထဲမှာ အတိုက်အခံတွေအပေါ် အစိုးရ စစ်တပ်က ပြုလုပ်နေတဲ့ လေကြောင်း တိုက်ခိုက်မှု တွေကိုလည်း ရပ်ဆိုင်းထားမှာ ဖြစ်ပါတယ်။
အခု သဘောတူ ခဲ့တဲ့ အစီအစဉ် သစ်ကြောင့် လာမယ့် တနင်္လာနေ့က စတင်ပြီး ဆီးရီးယားမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကို ရပ်စဲဖို့ မျှော်လင့်နိုင်မှာ ဖြစ်ပါတယ်။
အခု အစီအစဉ်က ဆီးရီးယား အနာဂတ် အတွက် အရေးပါပြီး နိုင်ငံရေး ဆွေးနွေး ပွဲတွေ အမြန်ဆုံး စတင်ဖို့ ဆောင်ရွက် နိုင်မှာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ က ပြောပါတယ်။
ဆီရီးယား နိုင်ငံ တစ်ဝန်း မှာ စက်တင်ဘာလ ၁၂ ရက်နေ့ ညနေ က စတင်ပြီး အစိုးရ စစ်တပ် ကရော အတိုက်အခံ လက်နက်ကိုင် အဖွဲ့ တွေကပါ ပစ်ခတ် တိုက်ခိုက်မှုတွေကို ရပ် ဆိုင်းထားမှာ ဖြစ်ပါတယ်။
BBC Burmese
http://www.bbc.com/burmese
ဆီးရီးယားအရေး အမေရိကန်၊ ရုရှ သဘောတူညီ
Reviewed by THITHTOOLWIN
on
08:03
Rating:
