လားရှိုးမြိုတွင် မိုးသည်းထန်စွာ ရွာသွန်း၍ အုတ်တံတိုင်းများပြိုကျ ၊ ယာဉ်သွားလာမှုများ ယာယီရပ်ဆိုင်း


လားရှိုး၊ စက်တင်ဘာ ၁၇ ။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ တွင်စက်တင်ဘာလ ၁၇ရက်နေ့မနက်က မိုးသည်းထန်စွာ ရွာသွင်းမှုကြောင့်ရပ်ကွက်အချို့ ရှိနေအိမ်များအတွင်းရေများဝင်ရောက်ခြင်း၊ နေအိမ်အုတ်တံတိုင်းပြိုကျခြင်းများဖြစ်ပေါ်ခဲ့ပြီး ရေကြီးမှုကြောင့် ယာဉ်သွားလာမှုများလည်းယာယီရပ်ဆိုင်းခဲ့ကြောင်း လားရှိုးမြို့ခံများက စက်တင်ဘာလ ၁၇ ရက်နေ့တွင် AHN သို့ပြောသည်။

"မနက်ခင်းပိုင်းကရွာတဲ့မိုးကအရမ်းများလို့ မြို့ ပေါ်ရပ်ကွက် အားလုံးနီးပါးလောက်မှာရေကြီးခဲ့ပေမယ့်အဓိကအခြေနေဆိုးတာက ရပ်ကွက်လေးခုလောက်မှာဖြစ်တာပါ။ ရပ်ကွက်၉/၁၀/၁၁/၁၂တွေမှာရေ၀င်တာတွေ၊တချို့ အိမ်တွေကအုပတ်တံတိုင်းပြိုကျတာတွေရှိတယ်။ ကျွန်တော်တို့ လူမှုအဖွဲ့ အစည်းတွေ ၀ိုင်းဝန်းပြီး၊ အခြေနေ ဆိုးတဲ့နေအိမ်တွေကို ကူညီခဲ့ပါတယ်"ဟုလားရှိုးမြို့  ရပ်ကွက်၉ရွှေကြေးစည်လူမှုကူညီရေးအသင်းမှ ကိုညီညီဟန်ကပြောသည်။

ရေကြီးမှုကြောင့် ထိခိုက်သေဆုံးမှုမရှိကြောင်းလည်း ၄င်းကပြောသည်။

ပစ္စည်းတော်တော်များများ အချိန်မီရွေ့ပြောင်းသယ်ဆောင်နိုင်ခဲ့ကြောင်း၊ရပ်ကွက်၁၀နတ်စင်လမ်း အတွင်းနေအိမ်တစ်ခုမှအုတ်တံတိုင်းများပြိုကျခဲ့ကြောင်း၎င်းကပြောသည်။


ရပ်ကွက်၉(အမှတ်၆၂၆)ထောက်ပို့ တပ်ရှေ့ လေယာဉ်ကွင်းလမ်းမကြီးပေါ်နှင့်အနီးရှိအရှေ့ ခါးရိုးဘုန်းကြီးကျောင်းလမ်းပေါ်တို့ တွင် လည်းရေကြီးရေလျှံမှုကြောင့်နေအိမ်အများအတွင်းသို့ရေ၀င်ခဲ့ပြီးလားရှိုးမြို့ အ၀င်အထွက်လမ်းမကြီးပေါ်တွင်ရေလျှံမှုကြောင့် ယာဉ်သွားလာမှုကိုခေတ္တရပ်နားထားခဲ့ရကြောင်းလည်းလားရှိုး မြို့ခံတစ်ဦးကပြောသည်။

ရေနစ်မြုပ်သည့်နေအိမ်များအတွက် လိုအပ်သောအကူအညီများကို လားရှိုးမြို့ပေါ်ရှိလူမှုရေးအဖွဲ့အစည်းများ၊မီးသတ်တပ်ဖွဲ့ များနှင့်တပ်မတော်သားများက ကူညီဆောင်ရွက်ပေးလျက်လျက်ရှိကြောင်းလည်း အဆိုပါလားရှိုးမြို့ခံကပြောသည်။

ဇေယျာ ( AHN - LSO)
PHOTO - AHN
The Asia Heart News

လားရှိုးမြိုတွင် မိုးသည်းထန်စွာ ရွာသွန်း၍ အုတ်တံတိုင်းများပြိုကျ ၊ ယာဉ်သွားလာမှုများ ယာယီရပ်ဆိုင်း  လားရှိုးမြိုတွင် မိုးသည်းထန်စွာ ရွာသွန်း၍ အုတ်တံတိုင်းများပြိုကျ ၊ ယာဉ်သွားလာမှုများ ယာယီရပ်ဆိုင်း Reviewed by THITHTOOLWIN on 18:24 Rating: 5
Powered by Blogger.