ကန်သမ္မတလောင်း နှစ်ဦး ပထမအကြိမ် စကားနိုင်လု

ရီပါပလေကန် သမ္မတလောင်း Donald Trump နဲ့ ဒီမိုကရစ်တစ် သမ္မတလောင်း ဟီလာရီ ကလင်တန်တို့ စကားနိုင်လုစဉ် (Credit: Reuters)
အမေရိကန် ​သမ္မတလောင်း ​နှစ်ဦးရဲ့ ​ပထမဆုံးအကြိမ် ​စကားနိုင်လုပွဲအတွင်း ​ဟီလာရီ ​ကလင်တန်က ​Donald ​Trump ​ကို ​အသားအရောင်ခွဲခြားသူလို့ ​စွပ်စွဲပြောဆိုလိုက်ပါတယ်။

အမေရိကန်နိုင်ငံရဲ့ ​နိုင်ငံခြားရေးရာနဲ့ ​စီးပွားရေးရာအကြောင်းအပြင် ​လုံခြုံရေးအကြောင်းတွေကိုလည်း ​စကားနိုင်လုခဲ့ကြတာ ​ဖြစ်ပါတယ်။

Donald ​Trump ​အနေနဲ့ ​အမေရိကန် ​သမ္မတဟာ ​အမေရိကန်နိုင်ငံမှာ ​မွေးတဲ့လူမှ ​ဟုတ်ရဲ့လား ​ဆိုပြီး ​အကြိမ်ကြိမ်ပြောဆိုတာမျိုးတွေ ​ရှိခဲ့ပြီး ​သမ္မတက ​ဟာဝါအီမှာ ​မွေးကြောင်း ​မွေးစာရင်း ​သက်သေ ​ထုတ်ပြန်တဲ့အခါမှသာ ​လက်ခံခဲ့သူ ​ဖြစ်ပါတယ်။

အဲဒီလို ​ပြောဆိုမှုတွေကို ​ကြည့်ခြင်းအားဖြင့် ​Donald ​Trump ​ဟာ ​လူမည်းသမ္မတအပေါ် ​ခွဲခြားမှုတွေလုပ်ပြီး ​သူ့ရဲ့ ​နိုင်ငံရေး ​လှုပ်ရှားမှုကို ​စတင်ခဲ့တာကို ​မြင်ရတယ်လို့ ​ဟီလာရီ ​ကလင်တန်က ​ပြောပါတယ်။

Donald ​Trump ​ကလည်း ​လူမည်း ​အမေရိကန်အတွက် ​ဟီလာရီ ​ကလင်တန်က ​ဘာမှ ​လုပ်ဆောင်ပေးနိုင်မှာ ​မဟုတ်ဘူးဆိုပြီး ​ထိုးနှက်ပြောဆိုလိုက်ပါတယ်။

ဟီလာရီ ​ကလင်တန်ဟာ ​အပြောသာ ​ရှိပြီး ​အလုပ် ​မလုပ်ပြနိုင်တဲ့လူပဲလို့လည်း ​ပြောဆိုလိုက်ပါတယ်။

ဟီလာရီ ​ကလင်တန်ကလည်း ​Donald ​Trump ​အနေနဲ့ ​သူပြောသလောက် ​ချမ်းသာချင်မှ ​ချမ်းသာမယ့်အကြောင်း၊ ​အဲဒီချမ်းသာမှုကနေ ​ပရိဟိတလုပ်ငန်းတွေ ​ပြောသလောက် ​လုပ်ချင်မှ ​လုပ်မှာ ​ဖြစ်သလို ​အခွန်ငွေတွေကို ​ပေးဆောင်တာမျိုး ​လုပ်ရဲ့လား ​ဆိုပြီး ​မေးခွန်းထုတ်လိုက်ပါတယ်။

Donald ​Trump ​ကလည်း ​သူ့မှာ ​ဝင်ငွေများတဲ့အကြောင်း ​ငွေကြေးအကြောင်း ​နားလည်တဲ့ ​လူက ​အမေရိကန် ​သမ္မတ ​ဖြစ်သင့်ပြီလို့လည်း ​တုန့်ပြန်လိုက်ပါတယ်။

အဲဒီနောက် ​ကုန်သွယ်ရေး ​ကိစ္စနဲ့ ​အကြမ်းဖက်မှု ​ကိစ္စကို ​အပြန်အလှန်ထိုးနှက် ​ပြောဆိုကြပြီး ​ဟီလာရီ ​ကလင်တန်ကတော့ ​အနည်းဆုံး ​သူ့အနေနဲ့ ​IS ​အဖွဲ့ကို ​ချေမှုန်းနိုင်မယ့် ​အစီအစဉ်တွေ ​ရှိနေတယ်လို့ ​ပြောဆိုလိုက်ပါတယ်။

ဒီစကားနိုင် ​လုပွဲဟာ ​ဘယ်သူမှ ​အပြတ်အသတ်မနိုင်ဘူးလို့ ​သုံးသပ်မှုတွေ ​ရှိပေမယ့် ​Reuters ​ရဲ့ ​Ipsos ​စစ်တမ်းအရ ​ဟီလာရီ ​ကလင်တန်က ​၄% ​နဲ့ ​အသာရတယ်လို့ ​ဖော်ပြထားပါတယ်။ ​ဒီစကားနိုင် ​လုပွဲကို ​ကြည့်ရှုသူ ​များပြားပြီး ​စံချိန်သစ် ​တင်တယ်လို့လည်း ​သိရပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
ကန်သမ္မတလောင်း နှစ်ဦး ပထမအကြိမ် စကားနိုင်လု ကန်သမ္မတလောင်း နှစ်ဦး ပထမအကြိမ် စကားနိုင်လု Reviewed by THITHTOOLWIN on 19:34 Rating: 5
Powered by Blogger.