ပြောင်းဖူးများတင်လာသည့် ထော်လာဂျီတိမ်းမှောက် ၂ ဦး သေဆုံး


လားရှိုး၊ စက်တင်ဘာ ၂၈။

စက်တင်ဘာ၂၇ရက်နေ့ ညနေ ၅း၀၀ကျော်ခန့် လားရှိုးမြို့ နယ် ဟူးမွန်ကျေးရွာအုပ်စု မန်နားကျေးရွာအနီးရှိသင်္ချိုင်းအနီးတွင် ပြောင်းဖူးတင်ဆောင်လာ သည့် ထော်လာဂျီတစ်စင်းတိမ်းမှောက်ခဲ့ကြောင်း အခင်းဖြစ်ရာသို့ သွားရောက်ကူညီခဲ့သော လားရှိုးမြို့ မွတ်စလင်မ်လူငယ် လူမှုကူညီမှုအသင်းမှ တာဝန်ရှိသူ တစ်ဦးက စက်တင်ဘာ၂၈ရက်နေ့ တွင် AHNသို့ ပြောသည်။

တိမ်မှောက်သွားသည့် ထော်လာဂျီယာဉ်ပေါ်တွင် လိုက်ပါလာသူ ၆ဦး အနက်မှ ယာဉ်မောင်းနှင့် အမျိုးသမီးတစ်ဦးပေါင်း၂ဦး သေဆုံးပြီး၊ ၂ဦးဒဏ်ရာရရှိကြောင်း၊ လားရှိုးယာဉ်ထိန်းရဲတပ်ဖွဲ့ မှရဲအုပ်စောဝင်းက အတည်ပြုပြောသည်။

"နှစ်ယောက်သေ ၊ နှစ်ယောက်ဒဏ်ရာရတယ်၊ ထော်လာဂျီပေါ်ပါလာတာ ၆ဦးလို့ သိရတယ်။ ပြောင်းဖူးချိုး ပြန်လာရင်းလမ်းမှာမှောက်တာပါ၊ လမ်းက ကုန်းဆင်းဆိုတော့ လမ်းဘေးထိုးကျသွားတာပါ။ အောက်ကကျောက်တုန်းတွေနဲ့ ဆောင့်မိလို့ သေတာဖြစ်ပါတယ်"ဟု၎င်းက ပြောသည်။

ယင်းဖြစ်ရပ်နှင့်ပတ်သက်ပြီးလားရှိုးနယ်မြေရဲစခန်းအမှတ်၂တွင် (ပ)၁၉။ပုဒ်မ၂၇၉/၃၃၈(က)ဖြင့်အမှုကိုလက်ခံစစ်ဆေးဆောင် ရွက်လျှက်ရှိကြောင်း ရဲအုပ်စောဝင်းကပြောသည်။

ဇေယျာ ( AHN - LSO)
PHOTO - လားရှိုးမြို့ မွတ်စလင်မ်လူငယ်လူမှုကူညီမှုအသင်း။
The Asia Heart News
ပြောင်းဖူးများတင်လာသည့် ထော်လာဂျီတိမ်းမှောက် ၂ ဦး သေဆုံး ပြောင်းဖူးများတင်လာသည့် ထော်လာဂျီတိမ်းမှောက် ၂ ဦး သေဆုံး Reviewed by THITHTOOLWIN on 19:09 Rating: 5
Powered by Blogger.