ကျွန်းသစ် တင်ဆောင်လာသော ယာဉ်တစ်စီး လမ်းဘေးရေမြောင်းထဲထိုးကျ


ဘားအံ စက်တင်ဘာ ၂၃

ဘားအံ-သထုံကားလမ်း၌ စက်တင်ဘာ ၂၂ ရက်က ဘားအံဘက်သို့ မောင်းနှင်လာသော ယာဉ်မောင်း ဝင်းမြင့်သိန်း (၃၅နှစ်) ဒိုက်ဦးမြို့နယ်နေသူနှင့် ဦးအောင်ရင်(၅ဝနှစ်)တို့လိုက်ပါလာသော ယာဉ်အမှတ် YGN9/---- သည် ကျွန်းသစ်ခွဲသားဆိုက်စုံ နှစ်တန်ခန့် တင်ဆောင်ကာ တန် ၄ဝဝဝ ဘိလပ်မြေစက်ရုံ လမ်းဆုံအနီး မိုင်တိုင်(၂ဝ/၁)နှင့်(၂ဝ/၂)အကြား၊ တံတားအမှတ်(၂၁/၁) အရောက်တွင် ဘရိတ်ပေါက် ၍ အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်တံတားဘေး အနက် ရှစ်ပေ၊ အကျယ် ၁၄ ပေခန့်ရှိ ရေမြောင်းအတွင်းသို့ ထိုးကျ ခဲ့သည်။

အဆိုပါယာဉ် လမ်းဘေးထိုးကျခြင်းကြောင့် ယာဉ် ခေါင်းပိုင်းကြေမွပျက်စီးခဲ့ရာ ယာဉ်မောင်း ဝင်းမြင့်သိန်းနှင့် ယာဉ်ပေါ်လိုက်ပါလာသူ ဦးအောင်ရင်တို့မှာ ယာဉ်ခေါင်းပိုင်း အတွင်းညပ်နေသဖြင့် မြိုင်ကလေး ရဲကင်းစခန်းမှူးနှင့် ရဲတပ်ဖွဲ့ ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဘိလပ်မြေစက်ရုံမှူးနှင့် စက်ရုံဝန်ထမ်းများ၊ လူမှုဝန်ထမ်းအဖွဲ့ အစည်းများက လာရောက်ကာ ယာဉ်အတွင်း ညပ်နေသူ နှစ်ဦးကို ခက်ခက်ခဲခဲကယ်ထုတ်ခဲ့ရပြီး ဘားအံပြည်သူ့ဆေးရုံ ကြီးသို့ပို့ဆောင်၍ ဆေးကုသမှု ခံယူစေခဲ့ကြောင်း သိရသည်။

ယာဉ်လမ်းဘေးထိုးကျသွားခဲ့ခြင်းကြောင့် ကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်စဉ် စက်ရုံမှ ဝန်ချီကရိန်းယာဉ်ကြီး များဖြင့် ခက်ခက်ခဲခဲဆွဲထုတ်ဆောင်ရွက်နေရသဖြင့် သုံးနာရီ ခန့်ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ခဲ့ရသည်။

ယာ ကျွန်းသစ်များနှင့်ပတ်သက်၍ ဘားအံ မြို့နယ် သစ်တောဦးစီးဌာနက အရေးယူဆောင်ရွက်ထားပြီး ယာဉ်မောင်း ဝင်းမြင့်သိန်းအား မြို့မရဲစခန်းက အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

မင်းသူ၊ ထွန်းထွန်းထွေး(ဘားအံ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ကျွန်းသစ် တင်ဆောင်လာသော ယာဉ်တစ်စီး လမ်းဘေးရေမြောင်းထဲထိုးကျ  ကျွန်းသစ် တင်ဆောင်လာသော ယာဉ်တစ်စီး လမ်းဘေးရေမြောင်းထဲထိုးကျ Reviewed by THITHTOOLWIN on 12:36 Rating: 5
Powered by Blogger.