ဝါးတင်ကားတစ်စင်းမှောက်ရာ ၇တန်းကျောင်းသူတစ်ဦး သေဆုံး


မုံရွာ၊ စက်တင်ဘာ ၆။

စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ် ကုန်းရွာနှင့် လယ်ဓမ္မရွာကြား၊ ပုလဲ-ဂန့်ဂေါလမ်း ကုန်းအဆင်းတွင် ၀ါးတင်ကားတစ်စင်း တိမ်းမှောက်ရာ ကျောင်းတက်ရန် လမ်းကြုံလိုက်လာသော သတ္တမတန်းကျောင်းသူတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့သော ယာဉ်တိမ်းမှောက်မှုတစ်ခု စက်တင်ဘာ ၅ရက်နေ့၊ နံနက် ၉နာရီကျော်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
" သေသွားတဲ့ကလေးက ကုန်းရွာကပါ။ လယ်ဓမ္မ ရွာကကျောင်းကိုလာဖို့ ဒီလိုပဲ ကားကြုံစောင့်ပြီး ကလေးတွေလိုက်ကြတာ။ ကားပေါ်မှာ သုံးယောက်ပါတယ်။ ကျန်တဲ့ကျောင်းသားတွေတော့ ဒဏ်ရာနဲ့ ပုလဲဆေးရုံမှာကုနေရတယ် "ဟု လယ်ဓမ္မရွာ ခံတစ်ဦးကပြောသည်။

တိမ်းမှောက်ခဲ့သော ခြောက်ဘီးကားယာဉ်မောင်းမှာ ကုန်းရွာနေသူဖြစ်ပြီး မိုင်တိုင်အမှတ် (၅၁/၁)အနီး ကုန်းအဆင်းတွင် အရှိန်မထိန်းနိုင်ပဲ ၀ါးများနောက်သို့ လျောကျကာ လမ်းယာဘက်သို့ ထိုးကျ တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်။

ကျောင်းတက်ရန် ကားကြုံလိုက်လာသော ၈တန်းကျောင်းသူနှင့် ကျောင်းသားတို့မှာ ဒဏ်ရာအသီးသီးရရှိခဲ့ပြီး ယာဉ်မှောက်မှုကြောင့် ယာဉ်မောင်းကို ပုလဲမြို့မရဲစခန်းတွင် အမှုဖွင့်ဖမ်းဆီးထားကြောင်း သိရသည်။

ဟိန်းလင်းသန့်
Central News Myanmar
https://www.facebook.com/CNMyanmar
ဝါးတင်ကားတစ်စင်းမှောက်ရာ ၇တန်းကျောင်းသူတစ်ဦး သေဆုံး  ၀ါးတင်ကားတစ်စင်းမှောက်ရာ ၇တန်းကျောင်းသူတစ်ဦး သေဆုံး Reviewed by THITHTOOLWIN on 18:33 Rating: 5
Powered by Blogger.