သွယ်တန်းထားမှု တစ်နှစ်ပြည့်ချိန် လျှပ်စစ်ဓါတ်တိုင်အချို့ လှဲကျ


လျှပ်စစ်ဓါတ်အား သွယ်တန်းထားသည့် ဓါတ်တိုင်များ စက်တင်ဘာလ ၂၈ ရက်နေ့ အစောပိုင်း၌ ကယားပြည်နယ် ဘောလခဲ-ဟော်ခမ်း လမ်းအပိုင်း ဘောလခဲမြို့အထွက်အနီးတွင် လှဲကျနေကြောင်း သိရသည်။

ယမန်နေ့ညက မိုးအနည်းငယ်ရွာသွန်းခဲ့ပြီး မနက်အစောပိုင်းတွင် ယခုကဲ့သို့ ဓါတ်တိုင်များလှဲကျနေကာ ၄ တိုင်မှာ မြေအောက်သို့လှဲကျနေပြီး ၎င်းလှဲကျနေသော တိုင်အနီးရှိတွင် တိမ်းစောင်းနေသော တိုင်များအားတွေ့ရှိရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“မိုးရွာလာရင်တောင် ဓါတ်တိုင်အောက်သွားရမှာကို ကြောက်လာပြီ။” ဟု ဒေသခံတစ်ဦးက ပြောသည်။


ဓါတ်တိုင်လှဲကျမှုကြောင့် ကားများသွားလားရန် အနည်းငယ်အခက်အခဲဖြစ်ခဲ့ပြီး ဆိုင်ကယ်များက ကွေ့ပတ်ရှောင်ကွင်းပြီး သွားလာနေရကြောင်း သိရသည်။ ယခင်ဘတ်ဂျတ်နှစ်၌ တည်ဆောက်ပြီးစီးခဲ့သော လျှပ်စစ်ဓါတ်အား ဓါတ်တိုင်များ သွယ်တန်းထားမှုမှာ တစ်နှစ်သာရှိသေးကြောင်း သိရသည်။ ယခုလအတွင်း ရွာသစ်မြို့ ဝမ်းဗလကျေးရွာသို့ သွယ်တန်းထားသော ဓါတ်တိုင်းများ လှဲကျမှုရှိခဲ့ကြောင်း သိရသည်။

ဓါတ်ပုံ-Facebook/U Sai Gyi
ကန္တာရဝတီတိုင်း(မ်)
https://www.facebook.com/kantarawaddytimes
သွယ်တန်းထားမှု တစ်နှစ်ပြည့်ချိန် လျှပ်စစ်ဓါတ်တိုင်အချို့ လှဲကျ  သွယ်တန်းထားမှု တစ်နှစ်ပြည့်ချိန် လျှပ်စစ်ဓါတ်တိုင်အချို့ လှဲကျ Reviewed by THITHTOOLWIN on 03:02 Rating: 5
Powered by Blogger.