သေနတ်နဲ့ခြိမ်းခြောက်တဲ့ ရဲအရာရှိကို ခုံရုံးဖွဲ့စစ်ဆေးနေ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်ပုံကျေးရွာ အုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်ပွဲမှာ ဒေသခံတွေကို သေနတ် ထုတ်ခြိမ်းခြောက်ခဲ့တဲ့ ဒု-ရဲအုပ် စိုးဇော်ဇော် ကို စက်တင်ဘာလ ၆ ရက်နေ့က တွေ့ရစဉ်။ Photo: Thurin Naymin (Facebook)
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်ပုံကျေးရွာ အုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်ပွဲမှာ ဒေသ ခံတွေကို သေနတ်ထုတ်ခြိမ်းခြောက်ခဲ့တဲ့ ဒု-ရဲအုပ် စိုးဇော်ဇော်ကို ခုံရုံးဖွဲ့စစ်ဆေးမှုတွေ ဆောင်ရွက်နေပါတယ်။

ဖားကန့်မြို့နယ် ရဲစခန်းမှာ ဖမ်းဆီးထားပြီး စစ်ဆေးမှုတွေ ဆောင်ရွက်နေတယ်လို့ ဖားကန့်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးတင့်စိုးက ပြောပါတယ်။

"အမှတ် ၁၆ ရဲတပ်ရင်း တာဝန်ရှိသူတွေက ခုံရုံးဖွဲ့ စစ်ဆေးပြီးတော့ မနေ့က ညနေကပဲ ဖားကန့်ရဲစခန်းမှာ စက်တင်ဘာလ ၇ ရက်နေ့က ၁၃ ရက်နေ့အထိ ချုပ်နှောင်ထားမယ်လို့ သိရပါတယ်"

ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက်နေ့ကကျင်းပခဲ့တဲ့ မှော်ပုံကျေးရွာအုပ်ချုပ်ရေးမှူးရွေးချယ်ပွဲမှာ ဒေသခံတွေက အရင်အုပ်ချုပ်ရေးမှူးဟောင်းကို လက်မခံကြောင်း ပြောတဲ့အတွက် သေနတ်ထုတ်ပြီး ခြိမ်းခြောက်ခဲ့တာ လို့ ဒေသခံတွေက ပြောပါတယ်။

သေနတ်နဲ့ ခြိမ်းခြောက်ခဲ့တဲ့ ဒုရဲအုပ်နဲ့ သူရဲ့ အထက်အရာရှိတွေက ဒေသခံတွေကို တောင်းပန်ခဲ့ပြီး အဲဒီဒုရဲအုပ် ကို ရဲတပ်ဖွဲ့စည်းကမ်းတွေနဲ့ အရေးယူဖို့စီစဉ်နေတာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
သေနတ်နဲ့ခြိမ်းခြောက်တဲ့ ရဲအရာရှိကို ခုံရုံးဖွဲ့စစ်ဆေးနေ  သေနတ်နဲ့ခြိမ်းခြောက်တဲ့ ရဲအရာရှိကို ခုံရုံးဖွဲ့စစ်ဆေးနေ Reviewed by THITHTOOLWIN on 18:41 Rating: 5
Powered by Blogger.