နမ့်ခမ်းမြို့နယ်၌ ဆိုင်ကယ်သူခိုးတစ်ဦးအား လောက်လေးဂွဖြင့် ပစ်ခတ် ဖမ်းဆီးရမိ


၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ၊၂၇ ရက်

ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်၌ 125 အစိမ်းရောင် ဆိုင်ကယ်သူခိုးတစ်ဦး ဖမ်းဆီး ရမိခဲ့ကြောင်း သတင်း ရရှိသည်။

ဖြစ်စဉ်မှာ စက်တင်ဘာလ (၂၆)ရက်နေ့ည ၉း၃၀ နာရီဝန်းကျင်လောက်တွင် ဓားရှည်လက်နက်ကိုင်ဆောင်သူတစ်ဦးမှ ဆိုင်ကယ်ခိုးယူခဲ့ကြောင်း၊ မျက်မြင်အချိ့၏ ပြောပြချက်အရ ၎င်းအဖွဲ့သည် လူသုံးဦးရှိကြောင်း၊ တစ်ဦးသည် တရုတ်လူမျိုးဖြစ်ကာ နှစ်ဦးသည် ပလောင်လူမျိုးဖြစ်ကြောင်း၊ "ဖမ်းမိတဲ့သူက ဆိုင်ကယ်သက်သေခံနဲ့ ဓားလက်နက်အရှည်တစ်ချောင်းရယ်၊ ပြီးတော့ ပန်ခါးရွာနေ ပလောင်လူမျိုးတစ်ဦးပေါ့၊ ကျန်နှစ်ဦးကတော့ တိမ်းရှောင် လွတ်မြောက် သွားတယ်လို့ပြောတယ်။ တစ်ယောက်ကတရုတ်၊ နောက်တစ်ယောက်က
ပလောင်လူမျိုးလို့ပြောကြပါတယ်"ဟု ၎င်းမျက်မြင် တစ်ဦးကပြောသည်။


ယမန်နေ့ည ၉း၃၀ နာရီလောက်တွင် ဆိုင်ကယ်သူခိုး အော်သံများကြောင့် မိုခမ်းရပ်ကွက်၊ ပေါက်တင်မရပ်
ကွက်နှင့် နောင်တိန်းရွာမှ မီးသတ်သမား လူငယ်အများ အပြားဆိုင်ကယ်ဖြင့် ၎င်းသူခိုးနောက်သို့ လိုက်ဖမ်းကြရာ နောင်တိန်းကူးတို့ ဆိပ်အနီးတွင် ဝိုင်းဝန်းဖမ်းဆီးနိုင်ခဲ့ ကြကြောင်း သိရသည်။


သူခိုးသည် မိုခမ်း၊ ပေါက်တင်ရပ်ကွက်ဘက်သို့ဆိုင် ကယ်မောင်းပြေးရာ နောင်တိန်းကူးတို့ ဆိပ်ဘက်သို့
ဦးတည် မောင်းပြေးသွားခဲ့ကြောင်း၊ ၎င်းနောက်သို့လိုက်စဉ် လိုက်ဖမ်းသူများအား ၎င်းမှအသင့်ပါလာသောဓားရှည်ဖြင့် ပြန်ခုခံရန်ကြိုးစားစဉ် လိုက်ဖမ်း အဖွဲ့များထဲမှ လောက်လေးဂွဖြင့် ပစ်ပြီး ဖမ်းဆီးယူနိုင်ခဲ့ကြောင်း စိုင်းဆိုင်မောဝ်းကပြောသည်။

ဖမ်းမိသည့်သူခိုးသည် ပလောင်လူမျိုးဖြစ်ပြီး ပန်ခါးရွာသားဖြစ်ကြောင်း စစ်ဆေးချက်အရသိရသည်။ ၎င်းကိုဖမ်းမိပြီးနောက်ပိုင်းကားဖြင့် တင်ခေါ်ကာမြို့နယ် ရဲစခန်းသို့ သွားအပ်ပေး ခဲ့ကြောင်း စိုင်းဆိုင်မောဝ်းကပင်ပြောပြသည်။

နမ့်ခမ်းမြို့နယ်သည် မကြာခဏ ခိုးယက်လုယက်မှုများ၊ ဓားပြတိုက်ခြိမ်းခြောက်ခြင်း၊ လက်နက်ကိုင်အဖွဲ့များမှ ဆက်ကြေးကောက်ခြင်း စသည့်ဖြစ်စဉ်များ အများဆုံးဖြစ်သည့်မြို့အဖြစ် ဖြစ်နေရခြင်းသည် နယ်စပ်မြို့ ဖြစ်ခြင်း၊ မြို့လုံခြုံရေးကင်းစောင့်ရဲများ အင်အားနည်းပါးခြင်းတို့ကြောင့် ဖြစ်နိုင်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး အဖွဲ့ဝင်တစ်ဦးမှ သုံးသပ်ပြောဆိုသွားခဲ့သည်။

စိုင်းဆန်လင်း (နမ့်ခမ်း)
Nam Kham News
https://www.facebook.com/NamKhamNews/
နမ့်ခမ်းမြို့နယ်၌ ဆိုင်ကယ်သူခိုးတစ်ဦးအား လောက်လေးဂွဖြင့် ပစ်ခတ် ဖမ်းဆီးရမိ  နမ့်ခမ်းမြို့နယ်၌ ဆိုင်ကယ်သူခိုးတစ်ဦးအား  လောက်လေးဂွဖြင့် ပစ်ခတ် ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 20:01 Rating: 5
Powered by Blogger.