ကိုဖီအာနမ်စစ်တွေခရီးစဉ်၌ ဒေသခံတစ်ချို့မှ ဆန္ဒထုတ်ဖေါ်ရန်ပြင်ဆင်


စက်တင်ဘာလ ၆ /DNJ

စစ်တွေမြို့သို့ရောက်ရှိမည့် ကိုဖီအာနမ်ဦးဆောင်သော ရခိုင်ပြည်နယ်အကြံပေးကော်မရှင်ကို စက်တင်ဘာလ ၆ ရက်နေ့ နံနက် ၈ နာရီအချိန်မှစတင်ကာ စစ်တွေဒေသခံတစ်ချို့မှဆန္ဒနေထုတ်ဖေါ်ရန်စောင့်ဆိုင်းနေကြ ခြင်းဖြစ်သည်။

ကိုဖီအာနမ်၏ဦးဆောင်သော ရခိုင်ပြည်နယ်အကြံကော်မရှင်အဖွဲ့သည် ၉ နာရီ မိနစ် ၂၀ ခန့်အချိန်တွင် စစ်တွေမြို့သို့ လေကြောင်းခရီးဖြင့်ရောက်ရှိမည်ဖြစ်ပြီး ဆန္ဒထုတ်ဖေါ်မှုကိုကြိုတင်လုပ်ဆောင်နေကြခြင်းလည်း ဖြစ်သည်။
"ရခိုင်အရေးနဲ့ပတ်သက်ပြီး နိုင်ငံခြားသားတွေဦးဆောင်တာကိုလက်မခံဘူး။ ဒါဟာ ပြဿနာဖြေရှင်းနိုင်မှာမဟုတ်ပဲ ပိုပြီးရှုပ်ထွေးသွားနိုင်တယ်။” ဟု ဆန္ဒထုတ်ဖေါ်ရာ၌ပါဝင်သူတစ်ဦးကဆိုသည်။


လက်ရှိအချိန်တွင် ဆန္ဒထုတ်ဖေါ်ရန်စောင်းဆိုင်းနေသည့် လူအုပ်မှာ ကိုဖီအာနမ်လာမည့် လမ်းဘေးတစ်ဖက်တစ်ချက်စီတွင်နေရာယူစောင့်ဆိုင်းနေကြပြီး ကိုဖီအာနမ်နှင့်အဖွဲ့သည် စစ်တွေမြို့ပေါ်ရှိ မြို့ဖများ၊ဆရာတော်ကြီးများနှင့်တွေ့ဆုံသွားမည်ဖြစ်ကြောင်းလည်းသိရသည်။

Development Media Group
https://www.facebook.com/DevelopmentNJ
ကိုဖီအာနမ်စစ်တွေခရီးစဉ်၌ ဒေသခံတစ်ချို့မှ ဆန္ဒထုတ်ဖေါ်ရန်ပြင်ဆင် ကိုဖီအာနမ်စစ်တွေခရီးစဉ်၌ ဒေသခံတစ်ချို့မှ ဆန္ဒထုတ်ဖေါ်ရန်ပြင်ဆင် Reviewed by THITHTOOLWIN on 10:39 Rating: 5
Powered by Blogger.