![]() |
Aleppo မြို့ကို ၄ ရက်ဆက်တိုက် ဗုံးကြဲမှုကြောင့် လူ ၁၀၀ နီးပါးသေဆုံး |
သေဆုံးသူတွေထဲ ကလေးငယ်တွေလည်း ပါဝင်တယ်လို့ Society of Anglican သာသနာပြုအဖွဲ့က ကယ်ဆယ်ရေးဝန်ထမ်းတွေက Twitter လူမှုကွန်ယက်မှာ ရေးသား ဖော်ပြကြပါတယ်။ ဒါ့အပြင် ဆေးဝါး အထောက်အကူတွေ ထပ်မရောက်တော့တဲ့အတွက် ကျန်းမာရေး ၀န်ထမ်းတွေနဲ့ ဆေးရုံတွေမှာ လူနာတွေနဲ့ ပြည့်ကျပ်နေတယ်လို့ ဆိုပါတယ်။
ဆီးရီးယားသမ္မတ Bashar al-Assad နဲ့ သူ့ရဲ့ မဟာမိတ်ဖြစ်တဲ့ ရုရှားနိုင်ငံတို့ဟာ Aleppo မြို့ကို သိမ်းပိုက်နိုင်ဖို့ လုပ်ဆောင်နေကြပုံရပြီး အဲဒီလို လုပ်ဆောင်နေရင်းနဲ့ပဲ မြို့ကို ဖျက်ဆီးနေကြတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry က ထွက်ပေါ်လာတဲ့ သတင်းတွေကို တုန့်ပြန်ပြောဆိုလိုက်ပါတယ်။
ဆီးရီးယားသမ္မတ Assad အစိုးရဟာ ညီညွတ်ရေး ညွန့်ပေါင်းအဖွဲ့မှာ ပါဝင်ဖို့အတွက် ပြင်ဆင်နေကြောင်း ထိပ်တန်း ဆီးရီးယားသံတမန်တဦး ပြောတာကို ကိုးကားပြီး Damascus မြို့က ရုပ်မြင်သံကြားသတင်းဌာနရဲ့ ပြောဆိုမှုကိုလည်း ၀န်ကြီး ကယ်ရီက လျော့ပေါ့ ပြောကြားလိုက်ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Aleppo မြို့ကို ၄ ရက်ဆက်တိုက် ဗုံးကြဲမှုကြောင့် လူ ၁၀၀ နီးပါးသေဆုံး
Reviewed by THITHTOOLWIN
on
10:39
Rating:
