Aimstar Network Business ကုမ္ပဏီတာဝန်ရှိသူကို အရေးယူပေးဖို့ သတင်းမီဒီယာသမားတွေ စက်တင်ဘာလ ၂၅ ရက်နေ့က လက်မှတ်တွေကောက်ယူနေစဉ်။ Photo: Aung Thain Kha/ RFA |
လက်မှတ်တွေကို မနေ့ကစတင်ကောက်ယူတာဖြစ်ပြီး နောက်နှစ်ရက်လောက်မှာ ရရှိထားတဲ့ လက်မှတ်တွေကို သတင်းမီဒီယာကောင်စီထံ တင်ပြသွားမှာဖြစ်ပါတယ်။
Aimstar Network Business ကုမ္ပဏီတာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ မစ္စတာဂျိုးဇက် ဆိုသူက မြန်မာပြည်က သတင်းမီဒီယာသမားတွေဟာ တတ်လို့ သတင်းရေးတာ မဟုတ်ဘဲ ငတ်လို့ လုပ်စားတာဖြစ်ကြောင်း ကုမ္ပဏီဟောပြောပွဲတစ်ခုမှာ ပြောခဲ့တဲ့ ဗီဒီယိုဖိုင်ဟာ ဖေ့ဘွတ်စ်မှာ ပျံ့နှံ့နေတာဖြစ်ပါတယ်။
အဲဒီလိုပြောဆိုမှုနဲ့ပတ်သက်ပြီး သတင်းမီဒီယာသမားတွေက ပြန်လည်တောင်းပန်ဖို့နဲ့ တောင်းပန်ဖို့ ပျက်ကွက်ရင် တရားစွဲဆိုတဲ့အထိ ဆောင်ရွက်သွားမယ်လို့ ပြောကြပါတယ်။
RFA Burmese
http://www.rfa.org/burmese
Aimstar Network တာဝန်ရှိသူကို အရေးယူနိုင်ဖို့ သတင်းသမားတွေ လက်မှတ်စုဆောင်း
Reviewed by THITHTOOLWIN
on
20:42
Rating: